K pop

■ K-pop Group တွေမဲပေးတဲ့ 2021 ခုနှစ် Handsome အဖြစ်ဆုံးနဲ့ အလှဆုံး Idol များ

—- K-pop Group 22 Group က မဲပေးတဲ့ 2021 ခုနှစ် Handsome အဖြစ်ဆုံး Male Idol နဲ့ အလှဆုံး Female Idol တွေက ဘယ်သူတွေလဲဆိုတာ..

မီဒီယာတစ်ခုဖြစ်တဲ့ Sports Seoul ဟာ တောင်ကိုရီးယား နှစ်သစ်ပိတ်ရက်အတွက် ဆန္ဒမဲူတစ်ခု ကောက်ယူခဲ့ပြီး 2021 ခုနှစ် Handsome အဖြစ်ဆုံး Male Idol နဲ့ အလှဆုံး Female Idol တွေကို ရွေးချယ်ခဲ့ကြပါတယ်။

အဆိုပါ ဆန္ဒမဲကောက်ယူမှုမှာ ပါဝင်ခဲ့တဲ့ K-pop Group တွေကတော့ G)I-DLE, ITZY, NCT 127, Kang Daniel, NU’EST, The Boyz, MAMAMOO, MONSTA X, BTOB, Seventeen, STAYC, Stray Kids, Secret Number, IZ*ONE, ENHYPEN, Oh My Girl, LOONA, Changmo, CRAVITY, TOMORROW x TOGETHER, TREASURE နဲ့ Pentagon တို့ဖြစ်ကြပါတယ်။

2021 ခုနှစ် Handsome အဖြစ်ဆုံး အမျိုးသား K-pop Idol များ

1) Cha Eun Woo (ASTRO)

Cha Eun Woo ဟာ 2021 ခုနှစ် Handsome အဖြစ်ဆုံး အမျိုးသား Idol အဖြစ် (၁၈)မဲနဲ့ ရွေးချယ်ခံခဲ့ ရပါတယ်။ 23 နှစ်သားဟာ 2017 ခုနှစ်၊ 2018 ခုနှစ်မှာ #2 အဖြစ်ရပ်တည်ခဲ့ပြီးနောက် 3 နှစ်ဆက် တိုက် ရွေးချယ်ခံခဲ့ရတာပါ။

2) Seventeen’s Junghan (12 votes)

3) BTS’s V

NCT အဖွဲ့ဝင်တွေဖြစ်တဲ့ Jaehyun နဲ့ Lucas တို့ဟာ နံပါတ် (4)မှာ ပူးတွဲရပ်တည်ခဲ့ပြီး နံပါတ် (5)မှာ NCT အဖွဲ့ဝင်ပဲဖြစ်တဲ့ Taeyong တို့က ရပ်တည်ခဲ့ပါတယ်။

2021 ခုနှစ် အလှဆုံး အမျိုးသမီး K-pop Idol များ

1) April’s Naeun

April အဖွဲ့ဝင် Naeun ဟာ ပထမဆုံးအကြိမ်အနေနဲ့ K-pop Group တွေက မဲပေးတဲ့ 2021 ခုနှစ် အလှဆုံး အမျိုးသမီး Idol အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ Naeun ဟာ မဲ (9)မဲရရှိခဲ့ပါတယ်။

2) Red Velvet’s Irene (6 votes)

3) IZ*ONE’s Kim Min Ju, (G)I-DLE’s Miyeon, & Suzy

-m2t
Ref: Allkpop

You cannot copy content of this page