K pop

■ တန်ဖိုးအကြီးဆုံးလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ Ailee

— – – ဘဝမှာ တန်ဖိုးမဖြတ်နိုင်တဲ့ လူတစ်ယောက်ကို Ailee ဆုံးရှုံးလိုက်ရတာပါ …

နာမည်ကျော် ကိုရီးယားအဆိုတော် Ailee ဟာ ဒီနေ့(ဖေဖော်ဝါရီ ၁၃ ရက်)မှာ သူ့ဘဝရဲ့ တန်ဖိုးအကြီးမားဆုံးလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရကြောင်း သူ့ရဲ့ IG မှာ တင်ခဲ့ပါတယ်။

IG မှာ တင်ထားတဲ့ ဓာတ်ပုံမှာ Ailee နဲ့အတူ သူ့ရဲ့မိခင်ကို တွေ့ရမှာဖြစ်ပြီး မိခင်ဖြစ်သူ ဆုံးပါးသွားပြီဖြစ်ကြောင်း Ailee က ရေးသားခဲ့တာပါ။

Ailee က “မေမေ … အရမ်းလွမ်းပါတယ်။ မေမေ့ကို သမီး ထပ်တွေ့ခွင့်မရှိတော့ဘူး။ ဒါပေမဲ့ မေမေ့က ဘုရားသခင်ဘက်ကနေ သမီးကို အမြဲထောက်ပံ့နေမယ်။ ကာကွယ်ပေးမယ်ဆိုတာကို သမီး ယုံကြည်ပါတယ်။ သမီးရဲ့ မေမေ … ကမ္ဘာမှာ အလှဆုံးအမျိုးသမီး … Rest in peace … မေမေ ဂုဏ်ယူရတဲ့ မေမေ့ရဲ့ သမီးလေးက သမီးတို့မိသားစုကို ချစ်ခြင်းမေတ္တာနဲ့ စောင့်ရှောက်သွားမှာပါ။ အရမ်းချစ်တယ် မေမေ။ ကောင်းကင်ဘုံမှာ ငြိမ်းချမ်းပါစေ မေမေ … အရမ်းချစ်ပါတယ်”ဆိုပြီး ရေးသားထားတာပါ။

Ailee ရဲ့ ဆုံးရှုံးမှုနဲ့ပတ်သက်လို့ နာမည်ကျော်တွေက စာနာကြောင်း၊ ဝမ်းနည်းပူးဆွေးကြောင်း ပြသခဲ့ကြသလို၊ ပရိသတ်တွေကလည်း Ailee ရဲ့ ဆုံးရှုံးမှုအတွက် စိတ်မကောင်းကြောင်း ရေးသားခဲ့ကြပါတယ်။

— ဃဲ
Ref: Soompi

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page