K pop
■ BTS ရဲ့ Social Media King ပိုင်ဆိုင်ခဲ့တဲ့ နောက်ထပ်ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတစ်ခု
-UNICODE
– – – K-pop Idol တွေဟာ ဒီလိုမှတ်တမ်းရတာ ဒုတိယမြောက်ဖြစ်ပါတယ်။
BTS အဖွဲ့ဝင်တွေဟာ အံ့အားသင့်စရာကောင်းတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
BTS အဖွဲ့ဝင်တွေဟာ စံချိန်၊ မှတ်တမ်းကောင်းများစွာကို ချိုးဖျက်နေကြဆိုတာ ပရိသတ်တွေလည်း သိပြီးသားပါ။ BTS အဖွဲ့ထဲမှာ Social Media နဲ့ ပတ်သက်ပြီး မှတ်တမ်းကောင်းတွေကို ပိုင်ဆိုင်ထားသူတွေလည်း ရှိပါတယ်။
Jimin ဟာ အဲဒီအထဲကတစ်ယောက် အပါအဝင်ဖြစ်ပြီး သူ့ကို ပရိသတ်တွေက Social Media King လို့ တင်စားထားကြတာ ဖြစ်ပါတယ်။ Jimin ဟာ အခုအခါမှာလည်း TikTok Hashtag နဲ့ ပတ်သက်ပြီး ဂုဏ်ယူဖွယ်ရာ စံချိန်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြန်ပါပြီ။
ဒါကတော့ Jimin ဟာ TikTok hashtag Views (၃၀) ဘီလီယံ ကျော်အထိ ရှိသွားခဲ့တာ ဖြစ်ပါတယ်။ Jimin ဟာ အဲဒီလို Tik Tok မှာ Views (၃၀) ဘီလီယံကျော်တဲ့ ဒုတိယမြောက် ကိုရီးယားအဆိုတော်ဖြစ်ခဲ့ပြီး ကမ္ဘာ့အနှံ့မှာလည်း တတိယမြောက်ဖြစ်ခဲ့တာပါ။
သူ့ရဲ့ တခြားhashtags တွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် Jimin ဟာ စုစုပေါင်း Views (၄၃.၃) သန်း ရှိတာ တွေ့ရမှာပါ။ ဒါကြောင့် Jimin ဟာ တကယ့်ကို Social Media King တစ်ယောက်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *
-ZAWGYI
Ref: Koreaboo
You cannot copy content of this page