K pop

■ You Tube မှာ ရေပန်းအစားဆုံး အမျိုးသမီး K-pop Idol (၁၀) ဦး

– – – ဒီ အမျိုးသမီး Idol တွေဟာ You Tube မှာလည်း အလွန်အောင်မြင်ကျော်ကြားသူတွေဖြစ်ပြီး..

YouTube ဆိုတာ K-pop Idol တွေအတွက်တော့ သူတို့ပရိသတ်တွေနဲ့ ချိတ်ဆက်တဲ့နေရာမှာ အသုံးပြုတဲ့ နာမည်ကျော် ပလက်ဖောင်းတစ်ခုပါ။

ဒီဘက်ခေတ်နောက်ပိုင်း K-pop နယ်ပယ်မှာ You Tube ကို ပိုမိုတွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပြီး K-pop Idol တွေ၊ အနုပညာရှင်တွေကလည်း ကိုယ်ပိုင် You Tube Channel တွေကို ဖွင့်လာကြပါတယ်။

အခုလို ကိုဗစ်ကပ်ဘေးကြောင့် လှုပ်ရှားမှုတွေ နည်းလာချိန်မှာ You Tube Channel ဟာ ပရိသတ်တွေအတွက်တော့ သူတို့ ကြိုက်နှစ်သက်ရာ Idol တွေနဲ့ နီးစပ်နိုင်တဲ့ နေရာတစ်ခုလည်း ဖြစ်လာပါတယ်။ ဒါကြောင့် အခုအခါ You Tube မှာ ရေပန်းအစားဆုံး အမျိုးသမီး K-pop Idol (၁၀) ဦးကို ဖော်ပြပေးလိုက်ရပါတယ်။

10. Taeyeon (Girls’ Generation)

Taeyeon ဟာ သူမရဲ့ You Tube Channel 탱구TV ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ (၄) ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး subscribers (၁၂.၃၈) သန်းရှိပါတယ်။

9. Jessi

၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ ဖွင့်လှစ်ထားတဲ့ Jessi ရဲ့ You Tube Channel ကတော့ subscribers (၁.၄၅) သန်း ရှိပါတယ်။

8. Amber Liu

Amber က သူမရဲ့ You Tube Channel ကို ၂၀၁၅ ခုနှစ်၊ ဧပြီလမှာ ဖွင့်လှစ်ခဲ့ပြီး subscribers (၁.၄၇) သန်း ရှိပါတယ်။

7. Lee Hi

Lee Hi ရဲ့ You Tube Channel ကတော့ subscribers (၁.၅) သန်း ရှိတာပါ။

6. CL

နာမည်ကျော် Rapper CL ကတော့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း You Tube Channel ကို ဖွင့်လှစ်ခဲ့ပြီး subscribers (၁.၆၈) သန်း ပိုင်ဆိုင်ထားပါပြီ။

5. HyunA

HyunA ရဲ့You Tube Channel ကတော့ subscribers (၂.၂၄) သန်းရှိပြီး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ (၂) ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။

4. Solar (MAMAMOO)

MAMAMOO အဖွဲ့ဝင် Solar ရဲ့ You Tube ကလည်း ပရိသတ်တွေကြားမှာ ရေပန်းစားပြီး subscribers (၂.၇၈) သန်းအထိ ရှိပါတယ်။

3. IU

IU ရဲ့ You Tube Channel ကတော့ subscribers (၅.၃၃) သန်းအထိရှိပြီး ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီကတည်းက ဖွင့်လှစ်ထားခဲ့တာပါ။

2. Lisa (BLACKPINK)

Lisa ရဲ့ You Tube ကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး ပေါက်ပြီး subscribers (၅.၃၇) သန်း ရှိပါတယ်။

1. Jennie (BLACKPINK)

subscribers အများဆုံး You Tube Channel ကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး Idol ကတော့ BLACKPINK အဖွဲ့ဝင် Jennie ပါ။ Jennie ရဲ့ You Tube Channel ဟာ Jennierubyjane Official ဖြစ်ပြီး subscribers (၅.၅၇) သန်း

ရှိပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page