K pop

■ Jisoo နဲ့ဆင်တူလို့ အွန်လိုင်းပေါ်မှာ ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ တရုတ်နိုင်ငံက ကောလိပ်ကျောင်းသူလေး

– – -သူမရဲ့အလှနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ချီးမွမ်းခန်းဖွင့်နေကြပြီး…

လောကကြီးမှာ လူသူမရှား၊ နာမည်တူမရှား များစွာ ရှိပါတယ်။ အဲဒီလိုပဲ နာမည်ကျော် K-pop Idol တွေနဲ့ ရုပ်ချင်းဆင်သူတွေလည်း ရှိကြပါတယ်။

အခုအခါမှာလည်း အသက် ၂၃ နှစ်အရွယ် တရုတ်နိုင်ငံက ကောလိပ်ကျောင်းသူလေးတစ်ယောက်ဟာ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ ရုပ်ချင်းဆင်တူလွန်းလို့ ပရိသတ်တွေကြားမှာ ရေပန်းစား လျက်ရှိနေပါတယ်။

ဗီယက်နမ်ဗီဒီယာတစ်ခုက အဲဒီတရုတ်ကောလိပ်ကျောင်းသူလေးအကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေထဲမှာတော့ သူမဟာ COVID-19 စစ်ဆေးမှု ခံယူဖို့ သွားရောက်ခဲ့တာေ တွ့ရပါတယ်။

သူမရဲ့ရုပ်ရည်သွင်ပြင်က Jisoo နဲ့ဆင်တူလွန်းပြီး ပရိသတ်တွေက သူမရဲ့အလှကို ချီးကျူးနေကြပါတယ်။ အခုအခါ သူမဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး Enndme ဆိုတဲ့ Weibo အကောင့်ကလည်း Follower (၅) သိန်းကျော်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူမဟာ တရုတ်နိုင်ငံတွင်းမှာသာမက ဗီယက်နမ်၊ ကိုရီးယားတို့အပြင် တခြားနိုင်ငံတွေမှာပါ ရေပန်းစားနေပါတယ်။

You cannot copy content of this page