K pop

■Jungkook ကြောင့် BTS အဖွဲ့ဝင်တွေ အမြဲသတိထားရတဲ့အရာ

– – -Jungkook က ဒီအရာနဲ့ ပတ်သက်ပြီး Sensitive ဖြစ်လွန်းပါတယ်တဲ့။

BTS အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင် Jungkook ဟာ ပျော်ပျော်နေတတ်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ Type မျိုးပါ။ ဒါကြောင့်လည်း ARMY တွေက Jungkook ကို အချစ်ပိုနေရစမြဲပါ။

အဖွဲ့ရဲ့ အငယ်အသက်ဆုံးဖြစ်တာနဲ့အညီ Jungkook ဟာ BTS အကိုတွေ့ရဲ့ အလိုလိုက်ခြင်းကို ခံရပြီး BTS အဖွဲ့ဝင်တွေဟာ Jungkook ကို အမြဲတမ်း နွေးနွေးထွေးထွေး ဆက်ဆံလေ့ရှိပါတယ်။ Jungkook နဲ့ ပတ်သက်ပြီး သူတို့ အမြဲသတိထားရတဲ့အရာကို RM က ဖွင့်ဟသွားခဲ့ပြန်ပါတယ်။

ဒါကတော့ Jungkook ဟာ အနံ့နဲ့ပတ်သက်ရင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ RM က ဖွင့်ဟခဲ့တာပါ။ “JungKook က အနံ့နဲ့ပတ်သက်ရင် အရမ်း Sensitive ဖြစ်တဲ့အတွက် ကျွန်တော်တို့ air freshener အမြဲသုံးရပါတယ်။ ဒါပေမဲ့ ဒီအတွက် သူ့ကိုလည်း ကျေးဇူးတင်မိတယ်။ ကျွန်တော်တို့အခန်းရဲ့ အနံ့က မွှေးနေတာပဲ”လို့ RM က ဖွင့်ဟသွားခဲ့တာပါ။

Concert ပွဲတွေမှာလည်း အနံ့နဲ့ ပတ်သက်ပြီး Sensitive ဖြစ်တဲ့ Jungkook ရဲ့ပုံရိပ်တွေကိုလည်း တွေ့ရမှာပါ။ BTS အဖွဲ့မှာ Jungkook သာမက J-Hope ကလည်း အနံ့နဲ့ပတ်သက်ရင် Sensitiveဖြစ်လွန်းသူပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page