K pop

■ မိခင်တိုင်း သဘောကျစေမဲ့ သမက်လောင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသား K-pop Idol များ

– – – တကယ်လို့ ဒီ Idol တွေသာ သင့်ရဲ့ရည်းစားဆိုရင် သူတို့ရဲ့ပုံစံကောင်းတွေကြောင့် အမေ့ရှေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ခေါ်နိုင်လိမ့်မယ်လို့ ကိုရီးယားပြည်သူတွေက ဆိုကြပါတယ်။

Jimin BTS

Jimin ရဲ့ နွေးထွေးဖော်ရွေတတ်တဲ့ စရိုက်လက္ခကြောင့် သူ့ကိုသာ အိမ်ခေါ်သွားမယ်ဆိုရင်တော့ သင်ဟာ အမေ့ရှေ့မှာ အမှတ်ပြည့်ရမှာပါ။

Daniel

Visual ဖြစ်လွန်းပြီး ဆက်ဆံရေး ဖော်ဖော်ရွေရွေရှိတဲ့ kang Daniel ဟာလည်း မိခင်တိုင်း သဘောကျမယ့်သူမျိုးပါ။

Baekhyun EXO

EXO အဖွဲ့ဝင် Baekhyun ဟာ ရုပ်ရှည်ချောမောလှပလွန်းရုံသာမက နွေးထွေးတဲ့နှလုံးသားပိုင်ရှင်လည်း ဖြစ်ပါတယ်။ ဒါက မိခင်တိုင်း သဘောကျစေမယ့် အချက်တစ်ချက်ပါပဲ။

Cha Eun Woo

Face Genius ကို သဘောမကျမယ့် အမေမျိုးတော့ ရှိမယ်မထင်ပါဘူး။ Cha Eun Woo ဟာလည်း ဂုဏ်ယူဝင့်ကြွားစွာနဲ့ အမေ့ရှေ့ကို ခေါ်သွားလို့ရမယ့်သူတစ်ယောက်ပါ။

-Chi Ko

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page