K pop

■ BLACKPINK ရဲ့ You Tube Views သန်း (၅၀၀)ကျော်တဲ့ (၈)ပုဒ်မြောက် MV

— – – ကမ္ဘာကျော် အမျိုးသမီး K-Pop အဖွဲ့ BLACKPINK အတွက်တော့ ဂုဏ်ယူစရာ မိုင်တိုင်တစ်ခုလို့ ဆိုရမှာပါ။

BLACKPINK အဖွဲ့ဟာ You Tube Views သန်း (၅၀၀)ကျော်တဲ့ နောက်ထပ် MV တစ်ပုဒ်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ (၁၅)ရက်မှာ BLACKPINK အဖွဲ့ရဲ့ “Ice Cream” ဟာ You Tube Views သန်း (၅၀၀)ကျော်ခဲ့တာပါ။

BLACKPINK အဖွဲ့နဲ့ ကမ္ဘာကျော်အဆိုတော် Selena Gomez တို့ Collaborate လုပ်ထားတဲ့ “Ice Cream” ဟာ ၂၀၂၀ သြဂုတ်လ (၂၈)ရက်က ထုတ်လွှင့်ခဲ့တာပါ။ “Ice Cream” ဟာ (၅)လနဲ့ (၁၇)ရက်အကြာမှာ You Tube Views သန်း (၅၀၀)ကျော်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် “Ice Cream” ဟာ BLACKPINK အဖွဲ့အတွက် You Tube Views သန်း (၅၀၀)ကျော်တဲ့ (၈)ပုဒ်မြောက် MV ဖြစ်လာခဲ့ပြီး တခြား MV တွေကတော့ “DDU-DU DDU-DU,” “As If It’s Your Last,” “BOOMBAYAH,” “Kill This Love,” “Playing with Fire,” “Whistle,” နဲ့ “How You Like That.” တို့ ဖြစ်ပါတယ်။

— ဃဲ
Ref: Soompi

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page