Celebrity

■ KeyEast နဲ့ စာချုပ် ချုပ်ဆိုခဲ့တဲ့ မင်းသမီး

— – – (၁၀)နှစ်ကြာလက်တွဲမှုကို အဆုံးသတ်ပြီးနောက်မှာတော့ မင်းသမီး Jo Bo Ah ဟာ …

မင်းသမီး Jo Bo Ah ဟာ (၁၀)နှစ်ကြာ လက်တွဲခဲ့တဲ့ SidusHQ နဲ့ လမ်းခွဲပြီးနောက်မှာတော့ KeyEast အေဂျင်စီနဲ့ လက်တွဲလိုက်ပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ (၁၅)ရက်မှာ KeyEast ရဲ့ စီမံခန့်ခွဲမှုဥက္ကဋ္ဌဖြစ်တဲ့ Lee Yeon Woo က “ချစ်စရာကောင်းပြီး ပင်ကိုလှတဲ့ အပြင် ပြည်တွင်း ပြည်ပပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ မင်းသမီး Jo Bo Ah ဟာ KeyEast နဲ့ လက်တွဲခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ Jo Bo Ah ရဲ့ အနုပညာလှုပ်ရှားမှုတွေမှာ အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

Jo Bo Ah ဟာ ၂၀၁၂ မှာ “Shut Up! Flower Boy Band” ဇာတ်လမ်းတွဲနဲ့ အနုပညာလောကကို စတင်ဝင်ရောက်လာခဲ့ပြီး “King’s Doctor,” “Surplus Princess,” “All About My Mom,” “Degree of Love,” “Goodbye to Goodbye,” “Monster,” “My Strange Hero,” “Forest,” “Tale of the Nine-Tailed” တို့ကို ရိုက်ကူးခဲ့ပါတယ်။

သူမဟာ “Innocent Thing” ဆိုတဲ့ ဇာတ်ကားကိုလည်း ရိုက်ကူးထားသူပါ။ KeyEast အေဂျင်စီဟာ ကိုရီးယားမှာ နာမည်ကျော် အေဂျင်စီတစ်ခုဖြစ်ပြီး Yoo Hae Jin, Kim Seo Hyung, Kang Han Na, Go Ah Sung, Ji Soo, Lee Dong Hwi, Kim Dong Wook, Moon Ga Young, Park Soo Jin, Park Ha Sun, Son Hyun Joo, Woo Do Hwan, Hwang In Yeop တို့ရဲ့ အေဂျင်စီလည်း ဖြစ်ပါတယ်။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page