Celebrity

■ Fendi ရဲ့ ပထမဆုံး မင်းသမီး Ambassador

— – – ဒီ Luxury Brand က ဘုရင်မနဲ့ ဘယ်လောက်ထိ ကိုက်ညီသလဲဆိုတာ …

နာမည်ကျော် ကိုရီးယားမင်းသမီး Song Hye Kyo ဟာ luxury brand တစ်ခုဖြစ်တဲ့ Fendi ရဲ့ ပထမဆုံး အမျိုးသမီးသရုပ်ဆောင် Ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။

Fendi က Song Hye Kyo ဟာ သူတို့ရဲ့ အမှတ်တံဆိပ်နဲ့ အံ့ကိုက်ပါပဲလို့ ဆိုခဲ့ပြီး Song Hye Kyo ဟာ luxury brand’s first Korean actress ambassador အဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

Song Hye Kyo ဟာ Fendi နဲ့ လက်တွဲမှုကို မတ်လထုတ်မယ့် Harper’s Bazaar မဂ္ဂဇင်းမှာ ပြသထားပြီး သူ့ရဲ့ အလှဓာတ်ပုံတွေကို Harper’s Bazaar က ဝေမျှခဲ့တာလည်း ဖြစ်ပါတယ်။

Fendi နဲ့ လက်တွဲခွင့်တဲ့အပေါ် Song Hye Kyo က “Fendi ရဲ့ မိသားစုဝင်အနေနဲ့ အမှတ်တံဆိပ်ကို ကိုယ်စားပြုခွင့်ရတဲ့အပေါ် ကျွန်မ အရမ်းဝမ်းသာပါတယ်။ အနာဂတ်မှာ Fendi နဲ့အတူ လုပ်ရမယ့် အလုပ်တွေအပေါ် စိတ်လှုပ်ရှားနေပါတယ်”လို့ ဆိုခဲ့တာပါ။

Song Hye Kyo ဟာ လက်ရှိမှာ The Glory လို့ အမည်ပေးထားတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးနေပြီး အဲဒီဇာတ်လမ်းတွဲကို Descendants of the Sun စာရေးဆရာမ Kim Eun Sook က ရေးသားထားတာလို့ သိရပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page