Celebrity

■ Hyun Bin နဲ့ Son Ye Jin တို့အတွဲရဲ့ ပထမဆုံး CF

— – – တွဲနေကြောင်း တရားဝင်အတည်ပြုပြီးနောက် ပထမဆုံး CF မှာ သူတို့အတွဲ ဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ …

Hyun Bin နဲ့ Son Ye Jin တို့အတွဲဟာ သူတို့တွဲနေကြောင်း အတည်ပြုပြီးနောက် ပထမဆုံးအတွဲကြော်ငြာအဖြစ် ဖိလစ်ပိုင် wireless communications company ဖြစ်တဲ့ Smart Communications အတွက် ရိုက်ကူးခဲ့ကြပါတယ်။

အဲဒီကြော်ငြာကို Smart Communications က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ခဲ့ပြီး ကြော်ငြာထဲမှာ Hyun Bin က digital Son Ye Jin ကို ပန်းပေးခဲ့ပြီး Son Ye Jin က တကယ်လူအဖြစ် အသွင်ပြောင်းတာကို ပြသထားသလို၊ သူတို့ Hit ဇာတ်လမ်းတွဲဖြစ်တဲ့ Crash Landing on You က ဇာတ်ဝင်ခန်းကိုလည်း ပြသထားပါတယ်။

အခုထုတ်လွှင့်ခဲ့တဲ့ Smart Communications ကြော်ငြာဟာ Hyun Bin နဲ့ Son Ye Jin တို့ တွဲနေကြောင်း တရားဝင်အတည်မပြုခင်ကတည်းက ရိုက်ကူးထားတာလို့လည်း သိရပါတယ်။ ကြော်ငြာရဲ့ behind-the-scenes clip မှာတော့ Hyun Bin နဲ့ Son Ye Jin တို့က ဖိလစ်ပိုင်လို နှုတ်ခွန်းဆက်စကားဆိုထားသလို၊ ကြော်ငြာရိုက်ကူးခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားမှုကိုလည်း ပြောပြထားပါတယ်။

Hyun Bin ဟာ လက်ရှိမှာ “Confidential Assignment” ဇာတ်ကားအဆက်ကို ရိုက်ကူးဖို့ ပြင်ဆင်နေပြီး Son Ye Jin ကတော့ “The Cross” လို့ အမည်ပေးထားတဲ့ Hollywood ဇာတ်ကားကို ရိုက်ကူးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page