K pop

■ Lalisa ကတော့ တစ်ကွက်ထုတ်ပြလိုက်ပြီ

— – – The Album, The Show ပြီးနောက်မှာ Lisa ထုတ်ပြလိုက်တဲ့ တစ်ကွက်ကတော့ …

BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa ဟာ အကဗီဒီယိုသစ်နဲ့ ပရိသတ်တွေကို တစ်ကွက်ထုတ်ပြလိုက်ပါပြီ။ Lisa ဟာ ဖေဖော်ဝါရီ (၁၂)ရက်က သူ့ရဲ့ You Tube Channel ဖြစ်တဲ့ Lilifilm Official ဆိုမှာ ဗီဒီယိုဖိုင်တစ်ခုကို တင်ခဲ့တာပါ။

The Album, The Show စသဖြင့် စည်းချက်ကိုက်နေတဲ့ BLACKPINK အဖွဲ့ရဲ့ အစဉ်အလာကို ဆက်ထိန်းတဲ့အနေနဲ့ Lisa က သူ့ရဲ့ အကဗီဒီယိုသစ်ကို The Movie ဆိုပြီး အမည်ပေးထားတာ ဖြစ်ပါတယ်။

Lisa က သူ့ရဲ့ The Movie Dance Video မှာ Destiny Rogers ရဲ့ “Tomboy” သီချင်းကို အသုံးပြုခဲ့တာဖြစ်ပြီး choreography ကိုတော့ Cheshir Ha က ထွင်ပေးကာ ဒါရိုက်တာကတော့ Anthony King ဖြစ်ပါတယ်။

နာမည်ကျော် အမေရိကန်အဆိုတော် Destiny Rogers ကတော့ သူ့ရဲ့သီချင်းကို Lisa အသုံးပြုတဲ့အတွက် “ငါ့သီချင်းကို အသုံးပြုတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ THIS WAS AMAZING ILY” ဆိုပြီး Lisa ရဲ့ ဗီဒီယိုအောက်မှာ Comment ပေးခဲ့တာ ဖြစ်ပါတယ်။

Lisa ရဲ့ တစ်ကွက်ကိုကြည့်ပြီး တရားမျှတမှုအတွက် K-Popper တွေအားလုံး အဆုံးထိ လက်တွဲညီစွာနဲ့ တိုက်ပွဲဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။

— ဃဲ
Ref: Soompi & Photos Credit

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page