K pop

■ Solo Debut ပြုလုပ်ပြီးနောက် Rosé လုပ်မယ့် အရာတစ်ခု

— – – Rosé ရဲ့ Solo ကို မတ်လမှာ မြင်တွေ့ရဖွယ်ရှိပြီး အဲဒီနောက်မှာတော့ …

ဖေဖော်ဝါရီ (၁၁)ရက်နေ့က BLACKPINK အဖွဲ့ဝင် Rosé ဟာ သူ့ရဲ့ မွေးနေ့ကို ဆင်နွဲှခဲ့တဲ့ အထိမ်းအမှတ်အဖြစ် တစ်ကိုယ်တည်း VLive လွှင့်ပြီး ပရိသတ်တွေနဲ့ စကားစမြည်ပြောဆိုခဲ့ပါတယ်။

အဲဒီနေ့ထုတ်လွှင့်ခဲ့တဲ့ Rosé ရဲ့ VLive ကို ကြည့်ရှုသူ 5.1M ရှိခဲ့သလို၊ Hearts Reaction ပေးမှုကလည်း 169M အထိ ရှိခဲ့တာပါ။ အဲဒီ VLive မှာ Rosé က သူ့အနေနဲ့ Solo Debut လုပ်အပြီးမှာ ကိုယ်ပိုင် You Tube Channel ဖွင့်ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Rosé ဟာ သူ့ရဲ့ ပွဲထွက်သီချင်းဖြစ်တဲ့ GONE ကို ထုတ်လွှင့်ရခြင်းမရှိသေးပေမဲ့ BLACKPINK အဖွဲ့ရဲ့ အွန်လိုင်း Concert ဖြစ်တဲ့ THE SHOW မှာ ဖျော်ဖြေခဲ့ပြီး YG Entertainment ကတော့ သိပ်မကြာခင်မှာ Rosé ရဲ့ Solo Debut နဲ့ပတ်သက်လို့ အသေးစိတ်ကြေညာမယ်လို့ ထုတ်ပြန်ထားပါတယ်။

BLACKPINK အဖွဲ့မှာ Lisa နဲ့ Jennie တို့က ကိုယ်ပိုင် You Tube Channel တွေ ဖွင့်ထားတာကြောင့် Rosé က အဖွဲ့ထဲမှာ တတိယမြောက် ကိုယ်ပိုင် You Tube Channel ဖွင့်သူဖြစ်လာဖို့ ရှိနေပြီး Jisoo ကတော့ ကိုယ်ပိုင် You Tube Channel နဲ့ ပတ်သက်လို့ ဘာမှပြောဆိုထားခြင်း မရှိသေးပါဘူး။

— ဃဲ
Ref: WMA

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page