Celebrity

■ Lee Kwangsoo နဲ့ အချစ်ရေးကို ဖွင့်ဟခဲ့တဲ့ မင်းသမီး Lee Sunbin

— – – (၂)နှစ်ကျော် သက်တမ်းရှိပြီဖြစ်ပေမဲ့ ပူနွေးနေဆဲ Lee Kwangsoo နဲ့ အချစ်ရေးကို …

မင်းသမီး Lee Sunbin ဟာ သိပ်မကြာခင်က My Fantasy House ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ My Fantasy House က ဘဝမှာ အချစ်ရဆုံးပုဂ္ဂိုလ်နဲ့ အတူနေဖို့ စိတ်ကူးထဲက နေအိမ်လေးအကြောင်းကို ပြောပြရတဲ့ အစီအစဉ်ဖြစ်ပါတယ်။

Lee Sunbin ဟာ အဲဒီအစီအစဉ်မှာ Park Kiwoong အတူ ပါဝင်ခဲ့တာဖြစ်ပြီး MC Jang Sungkyu ကတော့ Lee Sunbin ကို Lee Kwangsoo နဲ့ စနောက်ခဲ့တာပါ။

MC Jang Sungkyu က Lee Sunbin ကို “မင်းရဲ့ အဖိုးတန်ဆုံးပုဂ္ဂိုလ်က အရပ်ရှည်ရှည်နဲ့ မဟုတ်လား”ဆိုပြီး Lee Kwangsoo ကို ရည်ညွှန်းကာ စနောက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပြောင်မှုကို Lee Sunbin က “ဟုတ်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ပုဂ္ဂိုလ်လည်း ပါတာပေါ့”လို့ ပြောဆိုပြီးနောက်မှာတော့ ခပ်ရှက်ရှက်နဲ့ ရယ်နေခဲ့တာဖြစ်ပါတယ်။

Lee Sunbin နဲ့ Lee Kwangsoo တို့ဟာ ၂၀၁၈ ဒီဇင်ဘာမှာ သူတို့တွဲနေကြောင်း တရားဝင်ဖွင့်ဟခဲ့ပြီး လောလောဆယ်အထိတော့ လက်ထပ်ဖို့အစီအစဉ် မရှိသေးဘူးလို့ ပြောဆိုထားပါတယ်။

— ဃဲ
Ref: KSL

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page