K pop

■ Cardi B သဘောတွေ့နေတဲ့ BLACKPINK အဖွဲ့ဝင်

— – – ပရိသတ်ရဲ့ ပို့စ်မှာတင် ဒီ BLACKPINK အဖွဲ့ဝင်နဲ့ပတ်သက်ပြီး Cardi B မှတ်ချက်ပေးခဲ့ပုံက …

ကမ္ဘာကျော် အမျိုးသမီးအဆိုတော် Cardi B ဟာ BLACKPINK အဖွဲ့နဲ့ Bet You Wanna သီချင်းမှာ Featuring အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး BLACKPINK အဖွဲ့အပေါ် ချစ်ခင်မှုတွေကို ထုတ်ပြတတ်သူဖြစ်ပါတယ်။

သိပ်မကြာခင်က Twitter မှာ BLACKPINK ပရိသတ်တစ်ဦးက Jennie ရယ်နေတဲ့ ဓာတ်ပုံကို ဝေမျှကာ “Jennie ဟာ ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးနဲ့ အလှဆုံး အပြုံးကို ပိုင်ဆိုင်ထားသူ”ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲဒီမှာ အားလုံးအံ့အားသင့်လောက်ပဲ Cardi B က အဲဒီပရိသတ်ရဲ့ ပို့စ်အောက်မှာ မှတ်ချက်ရေးသားခဲ့တာပါ။ Cardi B က အဲဒီပို့စ်အောက်မှာ “အပြင်မှာ ပိုပြီးချစ်စရာ ကောင်းတယ်”လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

Cardi B မှတ်ချက်ရေးသားခဲ့တာကြောင့် အဲဒီပရိသတ်ရဲ့ ပို့စ်ဟာ Twitter မှာ အတော်လေးရေပန်းစားခဲ့ပြီး BLACKPINK ပရိသတ်တွေကတော့ Cardi B ကို ကျေးဇူးတင်ကြောင်း မှတ်ချက်တွေ ရေးသားခဲ့ကြပါတယ်။

— ဃဲ
Ref: KSL

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page