K pop

■ နာမည်ကျော်မော်ဒယ်တွေ ဖြစ်နိုင်တယ်လို့ သတ်မှတ်ခံရတဲ့ အမျိုးသမီး Idol (၅)ဦး

— – – သူတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ အရမ်းအမောင်းက နာမည်ကျော်မော်ဒယ်ဖြစ်လာဖို့ လုံလောက်တယ်လို့ ဆိုကြပါတယ်။

ဒီစာရင်းမှာ ပါဝင်တဲ့ အမျိုးသမီး Idol တွေ အရပ်အမောင်း အနည်းဆုံး 170 cm ရှိသူတွေ ဖြစ်ပါတယ်။ ဒါ့ပြင် သူတို့ဟာ အဲဒီအရပ်အမောင်းနဲ့ ကိုက်ညီတဲ့ အချိုးအစားအပြေပြစ်ဆုံး ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာကြောင့် ကိုရီးယားတွေက သူတို့ဟာ အောင်မြင်တဲ့ မော်ဒယ်တွေ ဖြစ်နိုင်တယ်လို့လည်း ဆိုကြပါတယ်။

1- IZ*ONE’s Jang Wonyoung

အသက် (၁၆)နှစ်ကျော်ပဲ ရှိသေးပေမယ့် Wonyoung ရဲ့ အရပ်က (170)cm ရှိပြီး ထပ်ပြီးလည်း ရှည်နေတုန်းလို့ ဆိုပါတယ်။ အသက်ငယ်သေးပေမယ့် မြင့်မားတဲ့အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကြောင့် မော်ဒယ်လုပ်ဖို့ သင့်တော်တယ်လို့ ဆိုပါတယ်။

2- TWICE’s Tzuyu

TWICE အဖွဲ့ဝင် Tzuyu ရဲ့ Official အရပ်က (170)cm ဖြစ်ပေမယ့် 175 cm လောက်အထိ ရှိနိုင်တယ်လို့ ပရိသတ်တွေ ခန့်မှန်းကြပါတယ်။ ခိုမျက်လုံး၊ ပြေပြစ်တဲ့ အသားအရေတွေကြောင့် မော်ဒယ်လျှောက်လမ်းဟာ Tzuyu နဲ့ အရမ်းလိုက်မယ်လို့ ဆိုကြပါတယ်။

3- Apink’s Hayoung

Apink အဖွဲ့ဝင် Hayoung ဟာ မော်ဒယ်တစ်ယောက်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူမရဲ့ အရပ်က 170 cm ရှိပါတယ်။ သူမကို “Golden Body” ကို ခေါ်ကြသလို Apink ပရိသတ်တွေက သူမကို “The Youngest Tower” လို့လည်း ခေါ်ကြပါတယ်။

4- GFRIEND’s Sowon

GFRIEND အဖွဲ့ဝင် Sowon ရဲ့ အရပ်အမောင်းကတော့ 173 cm အထိ ရှည်လျားပါတယ်။ သူမရဲ့ ခြေထောက်အရှည်ကို 107 cm ရှိတာဖြစ်ပြီး ဒါက ခန္ဓာကိုယ်အပေါ်ပိုင်းတောင် ပိုရှည်နေတာပါ။

5- Weki Meki’s Doyeon

Produce 101 ရဲ့ project group I.O.I နဲ့ စတင်ပွဲထွက်ခဲ့တဲ့ Doyeon ဟာ သူမရဲ့ အရပ်အမောင်းကြောင့် နာမည်ကြီးသူဖြစ်ပါတယ်။ 173 cm အထိ ရှည်ပြီး Weki Meki အဖွဲ့ဟာ သူက ထိုးထွက်နေတာ ဖြစ်ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page