— – – သူတို့ရဲ့ အပြုံးတွေက ပရိသတ်တွေရဲ့ နှလုံးသားခိုးယူနိုင်စွမ်းရှိပြီး သူတို့အပြုံးတစ်ခါတွေ့ရုံနဲ့ အမြဲတမ်းမှတ်မိနေမယ်လို့ ဆိုကြတယ်။
သူတို့က ထိတ်ထိတ်ကြဲမင်းသားတွေဖြစ်သလို၊ Visual ပိုင်းနဲ့ ပတ်သက်လို့လည်း ပြောစရာမရှိအောင် ပြည့်စုံသူတွေ ဖြစ်ပါတယ်။ သူတို့ကို ထပ်ပေါင်းလိုက်တာက အရမ်းလှတဲ့ အပြုံးတွေဖြစ်ပြီး သူတို့ရဲ့ အပြုံးတွေ ဘယ်လောက်လှတယ်ဆိုတာကို ကိုယ်တိုင်သာ ခံစားကြည့်လိုက်ပါ။
Lee Min Ho
Lee Min Ho က သူ့ရဲ့ Legendary အပြုံးနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေသူပါ။ သူရယ်လိုက်ရင် မျက်လုံးတွေပါ ပြုံးရိပ်သန်းပြီး အဲဒီအပြုံးက Sweet ဖြစ်လွန်းပြီး ပရိသတ်တွေကို ဆွဲဆောင်နိုင်ပါတယ်။
Kang Ha Neul
၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားတဲ့ Kang Ha Neul ဟာ ပြုံးလိုက်ရင် ကလေးတစ်ယောက်လို ဖြူစင်လွန်းပြီး ကြည့်နေသူကို ပြေးဖက်ချင်လောက်အောင် ဆွဲဆောင်နိုင်သူ ဖြစ်ပါတယ်။
Ji Chang Wook
သူ ပြုံးလိုက်ရင် ပတ်ဝန်းကျင်တစ်ခုလုံး လင်းလက်သွားတယ်လို့ ပြောရမယ့်သူပါ။ ပရိသတ်အများစုကတော့ Ji Chang Wook ပြုံးလိုက်ရင် သူ့ဆီမှာ ကျဆုံးသွားချည်းပါတဲ့လေ။
Park Bo Gum
Park Bo Gum ရဲ့ အကြီးမားဆုံးဆွဲဆောင်မှုက သူ့ရဲ့ အပြုံးပါပဲ။ သူ့ရဲ့ အပြုံးက ကိုရီးယားပရိသတ်တွေကိုသာမက နိုင်ငံခြားပရိသတ်တွေကို ဆွဲဆောင်နိုင်ပါတယ်။ “Reply 1988” ဇာတ်လမ်းတွဲက Park Bo Gum ပြုံးရယ်တဲ့ ဗီဒီယိုများစွာကို You Tube မှာ ရှာတွေ့နိုင်ပြီး သူ့ရဲ့အပြုံးက ချစ်စရာကောင်းသလို Sweet လည်း ဖြစ်ပါတယ်။
Song Joong Ki
Song Joong Ki အရမ်းကြီး နာမည်မကျော်ခင်ကတည်းက သူ့ရဲ့ အပြုံးနဲ့ ပြုံးလိုက်ရင် ဖြစ်သွားတဲ့ မျက်လုံးလေးတွေက အရမ်းကို ရေပန်းစားခဲ့တာပါ။ ၁၉၈၅ ခုနှစ်မှာ မွေးဖွားတဲ့ Song Joong Ki ဟာ ဘယ်သူ့ကိုမဆို သူ့ရဲ့တောက်ပတဲ့ အပြုံးတွေနဲ့ ဆွဲဆောင်နိုင်သူပါ။
— ဃဲ
via SB
*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***