K pop

■ BTS အဖွဲ့ဝင်တွေ စစ်မှုထမ်းရင် အဖွဲ့ဝင်တွေအားလုံးပြန်ဆုံဖို့ ဘယ်လောက်ကြာနိုင်သလဲ ?

— – – MMA ရဲ့ ထုတ်ပြန်မှုအရ BTS အဖွဲ့ဝင်တွေအနေနဲ့ ပုံမှန်အတိုင်း စစ်မှုထမ်းမယ်ဆိုရင် အဖွဲ့ဝင်တွေအားလုံး ပြန်ဆုံဖို့ဆိုရင်တော့ …

BTS အဖွဲ့ရဲ့ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုကို ကိုရီးယားအာဏာပိုင်တွေက အောက်တိုဘာ (၉)ရက်မှာ အဆုံးသတ်ခဲ့ပါတယ်။ တပ်သားစီမံခန့်ခွဲ့မှုအင်အားစုဖြစ်တဲ့ Military Manpower Administration (MMA) က BTS အဖွဲ့အနေနဲ့ ပုံမှန်စစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

BTS အဖွဲ့မှာ အသက်အကြီးအဖွဲ့ဝင် Jin ဖြစ်ပြီး ၁၉၉၂ မှာ မွေးဖွားခဲ့တာဖြစ်လို့ ပုံမှန်အတိုင်းဆိုရင်၂၀၂၁ ခုနှစ်မှာ နောက်ဆုံးထားပြီး စစ်မှုတာဝန်ဆောင်ရမှာ ဖြစ်ပါတယ်။ Jin ပြီးရင်တော့ Suga, RM, J-Hope, Jimin, V နဲ့ Jungkook တို့က အစဉ်လိုက် စစ်မှုတာဝန်တွေကို ထမ်းဆောင်ရမှာပါ။

အသက်အရွယ်အတိုင်းသာ စစ်မှုတာဝန်တွေကို ထမ်းဆောင်မယ်ဆိုရင် BTS အဖွဲ့ပြန်ဆုံဖို့ အနည်းဆုံး (၄၊ ၅) နှစ်ကနေ (၁၀) နှစ်လောက်အထိ ကြာမြင့်သွားနိုင်ပါတယ်။ BTS အဖွဲ့ဟာ ပွဲထွက်ပြီးကတည်းက အဖွဲ့လိုက်လှုပ်ရှားမှုတွေနဲ့ သွားနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင်တွေဆက်တိုက် စစ်မှုထမ်းဖွယ်ရှိနေတယ်လို့ မီဒီယာတွေက ဖော်ပြနေတာပါ။

ကိုရီးယားအစိုးရအနေနဲ့ နိုင်ငံတကာအောင်မြင်မှုကြီးကြီးမားမားရရှိသူတွေ (အထူးသဖြင့် အားကစားသမားတွေ)ကို စစ်မှုထမ်းတာဝန်ကင်းလွတ်ခွင့်တွေ ပေးလေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အောင်မြင်မှုတွေရနေတဲ့ BTS အဖွဲ့အနေနဲ့ စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့်ရနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိပေခဲ့ပေမဲ့ MMA အတည်ပြုခဲ့တာကြောင့် မဖြစ်မနေ စစ်မှုထမ်းရတော့မှာပါ။

ဒါပေမဲ့ Rule အသစ်အရ BTS အဖွဲ့ဝင်တွေအနေနဲ့ စစ်မှုထမ်းတာဝန်ကို ရွှေ့ဆိုင်းဖို့အတွက် လျှောက်ထားခွင့်ရှိနေပြီး MMA လက်ခံ၊ မခံဆိုတဲ့အပေါ် မူတည်ပါတယ်။ သူတို့ ဘယ်အချိန်စစ်မှုထမ်းမယ်ဆိုတာတော့ Big Hit ထုတ်ပြန်ခြင်းမရှိသေးပေမဲ့ ရွှေ့ဆိုင်းဖို့အတွက်တော့ လျှောက်ထားဖွယ်ရှိတယ်လို့ သိရပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page