K pop

■ နောက်နှစ်ပေါင်း (၂၀)ကြာရင် သူတို့ကို ဘယ်လိုမြင်တွေ့ရနိုင်မလဲဆိုတာ ခန့်မှန်းခဲ့ကြတဲ့ BLACKPINK အဖွဲ့ဝင်

— – – နောက်နှစ်ပေါင်း (၂၀)ကြာရင်လည်း သူတို့ဟာ Close ဖြစ်နေဦးမှလား။ မြင်ကွင်းပြောင်းလဲသွားမလားဆိုတာကတော့ …

အောက်တိုဘာ (၁၄)ရက်က Netfix က ထုတ်လွှင့်ခဲ့တဲ့ BLACKPINK အဖွဲ့ရဲ့ documentary ဖြစ်တဲ့ BLACKPINK: Light Up The Sky မှာ BLACKPINK အဖွဲ့ရဲ့ သင်တန်းသူဘ၀ ရုန်းကန်ရမှုကနေအထိ ဒီနေ့အချိန်အထိ ပါဝင်သလို၊ အနာဂတ်ကို သူတို့ရဲ့ လှမ်းမျှော်ချက်တွေကို မြင်တွေ့ရမှာပါ။

Documentary ရဲ့ အဆုံးပိုင်းမှာ BLACKPINK အဖွဲ့ဝင်တွေဟာ နောင်နှစ်ပေါင်း (၂၀)ကြာသွားတဲ့အခါ ဘယ်လိုဖြစ်လာနိုင်သလဲဆိုတာကို သုံးသပ်ခန့်မှန်းခဲ့ကြပါတယ်။

“အဲဒီအချိန်ဆိုရင် Lisa တစ်ယောက် ကမ္ဘာပတ်ပြီး ခရီးသွားနေမယ်လို့ ထင်တယ်”ဆိုပြီး Jisoo က စပြောခဲ့ပါတယ်။ နှစ်ပေါင်း (၂၀)ကြာရင်ဆိုတော့ အဲဒီအချိန်မှာ BLACKPINK အဖွဲ့ဝင်တွေဟာ အသက် (၄၀)ကျော်၊ (၅၀)အရွယ် ဖြစ်နေမှာပါ။ ဒီတော့ …

Jennie – အဲဒီအချိန်ကျရင် ငါတို့အားလုံး အိမ်ထောင်ပြုပြီးနေလောက်ပြီလို့ ထင်လား?
Rosé – ဖြစ်နိုင်တာပေါ့။ ဒါပေါ့။ အဲဒီအချိန်ဆိုရင် ၄၀ ကျော်ပြီလေ… အဲလို … လုပ်စမ်းပါ။

အဲဒီမှာ သူတို့အနေနဲ့ ကလေးတွေရှိနိုင်၊ မရှိနိုင်ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ Rosé ကပဲ “အသက် (၄၀) ကျော်နေပြီဆိုတော့ ကလေးတွေလည်း ရှိသင့်တာပေါ့။ မရှိဘူးဆိုရင်လည်း အတော်လေး နောက်ကျမှ အိမ်ထောင်ပြုလို့ ဖြစ်လိမ့်မယ်”လို့ ဆိုခဲ့ပါတယ်။

အသက် (၄၀)ကျော်တဲ့ အရွယ်မှာ သူတို့ Comeback လုပ်နိုင်သေးလားလို့ ဆွေးနွေးကြတဲ့အခါမှာတော့ Jisoo က “ကျောတွေနာ၊ ခါးတွေနာလို့ ငါတို့ ကောင်းကောင်းကနိုင်မယ်လို့ မထင်ဘူး”ဆိုပြီး ပြောဆိုခဲ့ပါတယ်။

— ဃဲ
Ref: Koreaboo

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page