K pop

■ ညီမ၊ အစ်မ ချောချောလေးတွေ ရှိတယ်ဆိုတာ ပရိသတ်တွေ သတိမထားမိမဲ့ အမျိုးသမီး Idol (၅) ဦး

– — ဒီအမျိုးသမီးတွေဆီမှာ ညီမချောချောလေးတွေ၊ အစ်မချောချောလေးတွေ ရှိတယ်ဆိုတာ ပရိသတ်တွေ တော်ရုံသတိထားမိမှာ မဟုတ်ပါဘူး။

K-pop Idol တွေတော်တော်များများ Visual ဖြစ်လွန်းနေတယ်ဆိုတာ အမှန်က မျိုးရိုးလိုက်တာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အမျိုးသမီး Idol တွေရဲ့ အစ်မတွေ၊ ညီမတွေကလည်း လှပပြီး ဆွဲဆောင်မှုရှိလွန်းတာ တွေ့ရမှာပါ။

Girls’ Generation’s Sooyoung

SNSD အဖွဲ့ဝင် Sooyoung ဆီမှာတော့ အလွန်လှပတဲ့ အစ်မတစ်ယောက်ရှိပါတယ်။ သူ့မရဲ့နာမည်က Choi Soo Jin ဖြစ်ပြီး လက်ရှိမှာတော့ အသံသရုပ်ဆောင်အဖြစ် ပြုလုပ်နေသူပါ။

CL

CL ရဲ့ ညီမလေး Lee Ha Rin ကလည်း ချောမောလှပသူတစ်ယောက်ပါ။ Lee Ha Rin ဟာ CL ထက် (၅) နှစ်ငယ်ပြီး Social Media ထက်မှာ ထင်ရှားသူပါ။

Apink’s Naeun

Apink အဖွဲ့ဝ်င Naeun ရဲ့ညီမလေး Son Sae Eun ကလည်း အစ်မဖြစ်သူလို Visual ဖြစ်လွန်းသူပါ။ သူမဟာ အနုပညာလမ်းကြောင်းကို စိတ်မဝင်စားဘဲ ဂေါ့ဖ်မယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။

TWICE’s Momo

TWICE အဖွဲ့ဝင် Momo ရဲ့ အစ်မဖြစ်သူ Hana က အလွန်ချောမောလှပပြီး ဆွဲဆောင်မှု ရှိသူပါ။ သူမဟာ ဂျပန်နိုင်ငံမှာ Dancer တစ်ဦးအဖြစ် လူသိများပြီး အရည်အချင်း ထူးချွန်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

BLACKPINK’s Rosé

Rose’ ရဲ့အစ်မဖြစ်သူ Alice Park ကလည်း Visual ကြောင့် လူအများကြားမှာ ထင်ပေါ်သူပါ။ BLACKPINK အဖွဲ့ဝင်တွေကတော့ Alice Park ဟာ Jisoo နဲ့ပိုပြီး ရုပ်ချင်းဆင်တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page