K pop

■ Burger ဆိုင်က ကောင်မလေးကို Baekhyun ပေးလိုက်တဲ့ ကတိ

— – – သူမရဲ့ စိတ်ကူးနဲ့ စေတနာအတွက် Baekhyun ပေးထားတဲ့ ကတိက …

သိပ်မကြာခင်က Burger ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ EXO ပရိသတ်ကောင်မလေးတစ်ယောက်က Baekhyun ကို tag တွဲပြီး သူမ အလုပ်လုပ်နေတဲ့ဆိုင်မှာ ဘာဂါ လာစားဖို့ ဖိတ်ကြားခဲ့ပါတယ်။

အရသာရှိမဲ့ပုံပေါ်တဲ့ ဘာဂါနဲ့အတူ သူမက “Baekhyun ရေ။ Bucheon မှာ Jeilum လို့ ခေါ်တဲ့ ဘာဂါဆိုင်ရှိတယ်။ Bucheon City Hall Station နားမှာပေါ့။ ကျွန်မ အဲဒီမှာ အလုပ်လုပ်ပါတယ်။ ဘာဂါက အရမ်းကောင်းတယ်။ တကယ်လို့ Bucheon ကို ရောက်ခဲ့မယ်ဆိုရင် ဆိုင်ကို လာခဲ့ပါ။ ရှင့်အတွက် အရသာရှိတဲ့ ဘာဂါ ကျွန်မ လုပ်ပေးပါ့မယ်”လို့ ရေးသားခဲ့တာပါ။

အဲဒီပို့စ်တင်ပြီး သိပ်မကြာခင်မှာ Baekhyun က Reply လုပ်ခဲ့လို့ ပရိသတ်တွေအားလုံး အံ့သြခဲ့ရပါတယ်။ Baekhyun က “Jeilum Burger တဲ့လား။ အဲဒီမှာ ခင်ဗျား ဘယ်အချိန်တွေ အလုပ်ဆင်းပါသလဲ”လို့ မေးမြန်းခဲ့တာပါ။

အဲဒီမေးခွန်းကို Baekhyun ရဲ့ ပရိသတ်ကောင်မလေးက “တနင်္လာကနေ စနေအထိ နေ့တိုင်းပါပဲ Baekhyun။ ညနေ ၄ နာရီကနေ ၉ နာရီအထိပါ”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။

သူမရဲ့ အဖြေကို ရတဲ့အခါမှာတော့ Baekhyun က သူမကို ကတိပေးခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် ခင်ဗျားဆီကို လာခဲ့ပါမယ် … စောင့်ပေးပါနော်”လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Netizen တွေကတော့ ပရိသတ်ကောင်မလေးကို ကတိပေးခဲ့တဲ့ Baekhyun ကို ချီးကျူးခဲ့ကြသလို၊ တစ်ဖက်မှာလည်း ဘာဂါဆိုင်က ကောင်မလေးကို အားကျနေကြပါတယ်။

— ဃဲ
Source: Dispatch & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page