K pop

■ TWICE အဖွဲ့ဝင်တွေကို Crush နေသူတွေလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသား Idol (၅) ဦး

– – – ဒီအမျိုးသား Idol တွေဟာ TWICE အဖွဲ့ဝင်တွေကို Crush နေကြသူတွေလို့….

K-pop Idol တွေဟာ အင်တာဗျူးတွေမှာဖြစ်ဖြစ်၊ Show တွေမှာဖြစ်ဖြစ် သူတို့ ကြိုက်နှစ်သက်ကြတဲ့ Idol တွေအကြောင်း ဖွင့်ဟလေ့ရှိပါတယ်။ အခုအခါမှာတော့ TWICE အဖွဲ့ဝင်တွေကို Crush သူတွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးသား Idol တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Minhyuk (BTOB)

Oh My God Tip ရိုက်ကူးရေးမှာ Minhyuk နဲ့ Nayeon တို့ရဲ့ ချစ်စရာပုံစံတွေကလည်း သဘောကျစရာကောင်းတာ တွေ့ရမှာပါ။

Heechul (Super Junior)

Heechul ကတော့ TWICE အဖွဲ့ဝင် Momo နဲ့ လက်ရှိမှာ တွဲနေသူတောင်ဖြစ်လို့ ပြောစရာ လိုမယ်မထင်တော့ပါဘူး။

Gong Myung (5urprise)

Gong Myung ဟာ We Got Married အစီအဉ်မှာ ပါဝင်တုန်းက သူ့ရဲ့ Ideal Type ဟာ TWICE အဖွဲ့ဝင် Jeongyeon ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Cha Eunwoo (Astro)

ပရိသတ်တစ်ချို့ကလည်း MBC ကထုတ်တဲ့ Replies That Make Us Flutter အစီအစဉ်မှာ Cha Eunwoo နဲ့ Dahyun တို့ရဲ့ လိုက်ဖက်ညီမှုကိုကြည့်ပြီး သူတို့နှစ်ယောက်ကို Ship ပေးကြတာ တွေ့ရပါတယ်။

Kang Daniel

Kang Daniel နဲ့ TWICE အဖွဲ့ခေါင်းဆောင် Jihyo တို့ဟာ ၂၀၁၉ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ကံမကောင်းစွာနဲ့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ကို သူငယ်ချင်းဆက်ဆံရေးအဖြစ် မြင်တွေ့ရဖို့ မျှော်လင့်နေကြပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page