K pop

■ ‘2020 ANDAM’ ပြင်သစ်ဖက်ရှင်ဆုပေးပွဲမှာ Jury ပြုလုပ်မယ့် Lisa

—- Lisa ရဲ့ ကျော်ကြားမှုလက်တံတွေက တစ်ခုပြီးတစ်ခု နယ်ပယ်တစ်နယ်ပြီးတစ်နယ်….

BLACKPINK အဖွဲ့ရဲ့ အငယ်ဆုံးလေး Lisa ဟာ ‘2020 ANDAM’ ပြင်သစ်ဖက်ရှင်ဆုပေးပွဲမှာ Jury ပြုလုပ်မယ်လို့ သိရပါတယ်။

Lisa ဟာ အခြား Cele ဧည့်သည် Jury တွေဖြစ်တဲ့ တရုတ်အဆိုတော် Chris Lee ၊ ဖက်ရှင်ဒီဇိုင်နာ တွေဖြစ်တဲ့ Kerby Jean-Raymond နဲ့ Phoebe Philo၊ ပြင်သစ်အဆိုတော်မင်းသမီးတို့နဲ့အတူ ‘2020 ANDAM’ ပြင်သစ်ဖက်ရှင်ဆုပေးပွဲကို Jury အဖြစ် ပူးပေါင်းပါဝင်မှာဖြစ်ပါတယ်။

‘2020 ANDAM’ ပြင်သစ်ဖက်ရှင်ဆုတံဆိပ်ဟာ ပြင်သစ်ဖက်ရှင်လောကမှာ ဂုဏ်သိက္ခာရှိပြီး အဆင့် မြင့်တဲ့ ဖက်ရှင်ဆုတစ်ခုလည်းဖြစ်ပြီး Lisa ဟာ အခုနှစ်ရဲ့ ဆုရသူကို ရွေးချယ်ဖို့ ကူညီပေးသွားမှာဖြစ် ပါတယ်။

COVID-19 Pandemic ကြောင့် Jury တွေရဲ့ ပူးပေါင်းမှုဟာ ပြိုင်ပွဲဝင်တွေနဲ့ဝေးကွာနေပေမယ့် ဇူလိုင် လ 1ရက်နေ့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မှာကျင်းပမယ့် နောက်ဆုံးဖိုင်နယ်ပွဲစဉ်မှာတော့ Lisa အပါအဝင် Jury အားလုံးကို မြင်တွေ့ရဖို့ရှိတယ်လို့ မီဒီယာတွေက သုံးသပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ‘ANDAM’ Winner အချို့ ကတော့ Martin Margiela, Viktor & Rolf, Christophe Lemaire နဲ့ Jeremy Scott တို့ဖြစ်ပါ တယ်။

-m2t
Ref: Allkpop

 

You cannot copy content of this page