– — လက်ထဲမှာ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ဘတ်စ်ကား စီးမလား၊ မုန့်ဝယ်စားမလားဆိုတဲ့ အခြေအနေမျိုးနဲ့တောင် Suga တစ်ယောက်…..
Mnet‘s TMI News အစီအစဉ်မှာ BTS အဖွဲ့ဝင် Suga ပါဝင်ခဲ့စဉ်တုန်းက သင်တန်းသားဘဝတုန်းက ကြမ်းတမ်းလွန်းတဲ့ အကြောင်းတွေကို ဖွင့်ဟခဲ့ပါတယ် ။
Suga ရဲ့ သင်တန်းသားဘဝပုံပြင်ဟာ မျက်ရည်တွေနဲ့ စီခြယ်ထားပြီး တကယ့်ကို ဆွေးမြေ့ဖွယ်ကောင်းလွန်းနေတာပါ။ Suga ဟာ သင်တန်းသားဘဝတုန်းက စီးပွားရေးအခြေအနေ မကောင်းခဲ့လို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။
ဘယ်လောက်အထိအောင်လဲဆိုရင် လက်ထဲမှာ ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ ဘတ်စ်ကား စီးမလား၊ မုန့်ဝယ်စားမလားဆိုတဲ့ အခြေအနေမျိုးနဲ့တောင် Suga ရင်ဆိုင်ခဲ့ရတာပါ။ Suga ဟာ သင်တန်းသားဘဝမှာ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း ကျူရှင်ခပေးတာ စသဖြင့် ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတာပါ။
တစ်ရက် delivery လုပ်နေတုန်း Suga အနေနဲ့ ကားမတော်တဆမှု ဖြစ်ခဲ့ပြီးပုခုံးဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဒဏ်ရာကြောင့် ဘာလှုပ်ရှားမှုမှ မလုပ်ဖို့ ဆရာဝန်က Suga ကို တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့် Suga ဟာ သင်တန်းသားဘဝကနေ ရပ်တန်ဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။
ဒါပေမဲ့ Bang Si Hyuk ဟာ Suga ကို အရည်အသွေးတွေ ပေါကြွယ်ဝတဲ့ကျောက်ရိုင်းကို လက်လွှတ်မခံချင်ပုံပါပဲ။ ဒီအခြေအနေကို ကြားပြီးနောက်မှာ Bang Si Hyuk ဟာ Suga ရဲ့ဒဏ်ရာသက်သာတဲ့အချိန်အထိ စောင့်မဲ့အပြင် ကျူရှင်ခတွေကိုပါ ရှင်းပေးခဲ့ပါတယ်။
အဲဒီနောက်မှာမှ Suga ဟာ သင်တန်းသားဘဝကို ရှေ့ဆက်ခဲ့ပြီးနောက်ဆုံးမှာ BTS အဖွဲ့နဲ့ပါ ပွဲထွက်နိုင်ခဲ့ပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန်
အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *