K pop

■ မကြာခင်က ကွယ်လွန်ခဲ့တဲ့ မိခင်အတွက် CL ရဲ့ ရင်နင့်ဖွယ် ဖွင့်ဟစကား

– – -CL ရဲ့ မိခင်ဖြစ်သူဟာ ပြီးခဲ့တဲ့လအတွင်း ရုတ်တရက် နှလုံးထဖောက်ပြီး ကွယ်လွန်ခဲ့တာပါ။

ဖေဖော်ဝါရီ (၁၆) ရက်နေ့မှာတော့ CL ဟာ သူမရဲ့ ဆိုရှယ်မီဒီယာထက်မှာ ဝမ်းနည်းကြေကွဲရတဲ့ Post တစ်ခုတင်ခဲ့ပါတယ်။

CL ဟာ သူမရဲ့အမေဖြစ်သူနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံနဲ့အတူ အမေ့အတွက် ကြေကွဲရင်နင့်ဖွယ်စကားကို ဖွင့်ဟခဲ့တာပါ။ “သမီးဘဝကို အလင်းရောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ သမီးဘဝရဲ့ အခက်ခဲဆုံး အခိုက်အတန့်မှာ အမေ့ရဲ့ စကားတွေက အားအင်ဖြစ်ခဲ့တယ်။

သမီးရဲ့အဖေက ရဲရင့်တဲ့သူ၊ တစ်ကိုယ်ကောင်းမဆန်သူ၊ ကြင်နာတတ်သူ၊ အမေရဲ့ သင်ကြားမှုတွေနဲ့ ဘဝကို ရှေ့ဆက်သွားပါမယ်”လို့ CL က ရင်နင့်ဖွယ် ရေးသားခဲ့တာပါ။

ဇန်နဝါရီလ (၂၃) ရက်နေ့မှာ CL ရဲ့ မိခင်ဖြစ်သူ ရုတ်တရက် နှလုံးထဖောက်ခဲ့ပြီး ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာတော့ ဈာပနအခမ်းအနားကို သိုသိုသိပ်သိပ်ပဲ ပြုလုပ်ခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page