K pop

■ မွေးနေ့မှာ မသန်စွမ်းကလေးငယ်တွေအတွက် J-Hope ရဲ့ မွန်မြတ်တဲ့အလှူ

– – -ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကတော့ J-Hope ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

BTS အဖွဲ့ဝင် J-Hope ဟာ ဖေဖော်ဝါရီ (၁၈) ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့မွေးနေ့မှာတော့ Child Fund Korea အဖွဲ့အစည်းကို လှူဒါန်းမှု ပြုလုပ်ခဲ့တာပါ။

J-Hope ဟာ Child Fund Korea က မသန်စွမ်း ကလေးငယ်တွေအတွက် ကိုရီးယားဝမ်သန်း (၁၅၀) လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ Child Fund Korea ရဲ့ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ J-Hope ဟာ ကလေးငယ်တွေရဲ့ ပညာရေး၊ ဝန်ဆောင်မှုများ၊ အထောက်အကူပြုကိရိယာများ ဝယ်ယူမှု အစရှိတဲ့ နေရာတွေမှာ အသုံးပြုဖို့အတွက် လှူဒါန်းခဲ့တာပါ။

J-Hope ဟာ Green Noble Club အဖွဲ့ဝင်ဖြစ်ပြီး အမြဲတမ်း လှူဒါန်းမှုတွေ ပြုလုပ်နေကြပါ။ “COVID-19 ကာလအတွင်း စီပွားရေး အဆင်မပြေတဲ့ မိသားစုတွေ တိုးပွားလာတာကြောင့် မသန်စွမ်းကလေးငယ်တွေအတွက် ထောက်ခံမှု ပိုပြီးလိုအပ်လာတယ်လို့ ကြာသိရပါတယ်”လို့ J-Hope က ဆိုခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက J-Hope ဟာ Green Hope Club ရဲ့ (၁၄၆) ဦးမြောက် အဖွဲ့ဝင်ဖြစ်လာခဲ့တာပါ။ ၂၀၁၈ ခုနှစ်တုန်းကလည်း J-Hope ဟာ ဝမ်သန်း (၁၅၀) ၊၂၀၁၉ ခုနှစ်မှာ ပညာသင်ဆု ဝမ်သန်း (၁၀၀)၊ ၂၀၂၀ ခုနှစ်မှာလည်း ကိုဗစ်ကြောင့် ရုန်းကန်နေရတဲ့ မိသားစုတွေကို ထောက်ပံ့ဖို့ ဝမ်သန်း (၁၀၀) လှုဒါန်းခဲ့တာ ဖြစ်ပါတယ်။

Child Fund Korea ရဲ့ ဥက္ကဋ္ဌ Lee Je Hoon ကတော့ အခုလို မွန်မြတ်လှတဲ့ လှူဒါန်းမှုတွေအတွက် ကျေးဇူးတင်ကြောင်း၊ J-Hope ဟာ အလှူအတန်းတွေ အမြဲတမ်း ပြုလုပ်နေသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page