K pop

■ G-Dragon ရဲ့ ရက်ရောမှုမှာ V.I.P တွေကြွေ

—- ရော့..ယူလိုက်…G-Dragon ရဲ့ Money …. MAMA မှာ G-Dragon Diss ခဲ့တဲ့ ရက်ပ်စာသားလေး တစ်ကြောင်းပေါ့….

G-Dragon ဟာ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပရိသတ်တွေအပေါ်မှာ အတော်ရက်ရောတဲ့ Artist ဆို တာပရိသတ်တွေအားလုံးသိပါတယ်။ မကြာသေးခင်က G-Dragon နဲ့ စစ်တပ်ထဲမှာ ခင်မင်ခဲ့တဲ့ သူ ငယ်ချင်းအချို့ရဲ့ ဖော်ပြချက်အရ G-Dragon ရဲ့ အလွန်ရက်ရောပေးကမ်းမှုကို V.I.P တွေသြချခဲ့ရပါ တယ်။

ဘာလဲဆိုတော့ စစ်တပ်ထဲမှာ G-Dragon နဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်းအချို့ဟာ စတိုးဆိုင်မှာ ဈေးသွား ဝယ်တိုင်း ပိုက်ဆံမသုံးခဲ့ရဘူးဆိုတာပဲဖြစ်ပါတယ်။ G-Dragon ဟာ သူငယ်ချင်းတွေအတွက် ဂရိတ် Cele အချို့သာပိုင်ဆိုင်တဲ့ သူ့ရဲ့ Black Card ကိ်ုပေးပြီး အမြဲတမ်းအသုံးပြုစေတာပဲဖြစ်ပါတယ်။

G-Dragon ဟာ ရှက်တတ်တဲ့စတိုင်ဖြစ်ပေမယ့် သူငယ်ချင်းတွေအပေါ်မှာတော့ အလွန်ကောင်းမွန်သူ ဖြစ်ပြီး ရက်ရောတဲ့သူလည်းဖြစ်ပါတယ်။ G-Dragon နဲ့ တူညီတဲ့ တပ်ထဲမှာ တာဝန်ထမ်းဆောင်ရတဲ့ စစ်သားတစ်ဦးရဲ့ ချစ်သူမိန်းကလေးဟာ လူမှုကွန်ရက်မှာ အခုလိုလည်းဖော်ပြခဲ့ပါတယ်။

သူ့ချစ်သူရဲ့ ပြောပုံအရ G-Dragon ဟာ စစ်တပ်ထဲက သူငယ်ချင်းဘယ်သူ့ကိုမဆို သက်သောင့် သက်သာနဲ့ Black Card ကို သုံးစွဲစေကြောင်းနဲ့ ခွင့်ရက်နဲ့ အိမ်ပြန်ရင်တောင် စစ်သားတွေအသုံးပြုဖို့ Card ကို ထားခဲ့တယ်လို့ မိန်းကလေးက ဖွင့်ဟခဲ့ပါတယ်။ စစ်သားတွေဟာ G-Dragon ရဲ့ Black Card နဲ့ စတိုးဆိုင်တွေအပြင် အနီးအနားက အင်တာနက်ကဖေးဆိုင်တွေပါ သွားသောက်လေ့ရှိတယ် လို့ သိရပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page