K pop

■ JYPE နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ Youngjae ကို Park Jin Young ဘာပြောခဲ့သလဲ

-UNICODE

– – – Park Jin Young က Youngjae ကို မက်ဆေ့ချ်များစွာ ပေးပို့ခဲ့ပြီး…..

၂၀၂၁ ခုနှစ် အစောပိုင်းမှာ ွGOT7 အဖွဲ့ဝင်တွေဟာ JYP Entertainment နဲ့ စာချုပ်ဖျက်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။

တလောတုန်းကတော့ GOT7 အဖွဲ့ဝင် Youngjae ဟာ Ravi ရဲ့Question Mark အစီအစဉ်မှာ ပါဝင်ခဲ့ရာမှာတော့ JYP Entertainment ရဲ့ CEO Park Jin Young အကြောင်းကို ဖွင့်ဟသွားခဲ့ပါတယ်။

Ravi က “အခုတော့ မင်းက JYP နဲ့ စာချုပ်သက်တမ်းကုန်သွားပြီ။ ဒီတော့ မင်းမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိမယ်လို့ ငါယူဆတယ်။ Park Jin Young have နဲ့ ပတ်သက်ပြီး ဘာပြောဖို့ရှိသလဲ”လို့ ဆိုခဲ့ပါတယ်။

အဲဒီနောက် Youngjae က သူ့တို့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အချိန်မှာ Park Jin Young ကလည်း Rain နဲ့ တွဲဖက်စီစဉ်ထားတဲ့ ပရိုမိုးရှင်းအတွက် အလုပ်ရှုပ်နေကြောင်း၊ သူ့ကို မက်ဆေ့ချ်များစွာ ပေးပို့ပြီး အခက်အခဲရှိရင် အချိန်မရွေး ကူညီမဲ့အကြောင်း ပြောဆိုခဲ့ကြောင်း Youngjae က ဖွင့်ဟခဲ့ပါတယ်။

“ကျွန်တော်တို့ စာချုပ်သက်တမ်း ကုန်ချိန်မှာ PD က Rain နဲ့တွဲလုပ်တဲ့ ပရိုမိုးရှင်းအတွက် အလုပ်များနေခဲ့တာ။ ဒါပေမဲ့ သူက ကျွန်တော့်ကိုတော့ မက်ဆေ့ချ်တွေပို့ပြီး ဆက်သွယ်ပါတယ်။ ဘယ်လိုပဲ ဆုံးဖြတ်ဖြတ် သူ့အနေနဲ့ အားပေးသွားမယ်လို့ မက်ဆေ့ချ်များစွာ ပိုခဲ့တယ်။

‘မသိတာရှိရင်၊ အဆင်မပြေတာရှိရင် သူ့ကိုပြောပြဖို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော့်အနေနဲ့ တကယ့်ကို ထိရှခဲ့ရတယ်”လို့ Youngjae က ဖွင့်ဟခဲ့ပါတယ်။ သူအနေနဲ့ အရင်က Park Jin Young နဲ့ မက်ဆေ့ချ်တွေ မပို့ဖူးလို့ တကယ့်ကို ကျေးဇူးတင်မိကြောင်း Youngjae က ဆိုပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

-ZAWGYI

– – – Park Jin Young က Youngjae ကို မကျဆေ့ခြျမြားစှာ ပေးပို့ခဲ့ပွီး…..







Ref: Koreaboo


You cannot copy content of this page