K pop

■ Concert တွေမှာ Jimin နဲ့ Jin တို့နှစ်ဦး အပြန်အလှန်ကြွေမိကျတဲ့ အခိုက်အတန့်

– – – -Jimin နဲ့ Jin တို့ရဲ့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် သဘောကျမိတဲ့ အခိုက်အတန့်တွေက…..

BTS အဖွဲ့ဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးရှိကြတာ အားလုံးလည်း သိပြီးသားပါ။

အထူးသဖြင့် အဖွဲ့တွေကြားက နွေးထွေးတဲ့ ဆက်ဆံရေးတွေကလည်း နှစ်လိုဖွယ်ကောင်းလှပါတယ်။ Jimin နဲ့ Jin တို့ဟာ Live အတူတူလွှင့်နေရင်း သူတို့နှစ်ယောက်အကြား ဖျော်ဖြေပွဲတွေမှာ အပြန်အလှန် သဘောကျမိတဲ့ အခိုက်အတန့်ကို အမေးခံခဲ့ရပါတယ်။

ဒီမေးခွန်းကို ပထမဆုံး Jin က စဖြေပါတယ်။ Jimin ရဲ့ Solo ဖျော်ဖြေမှု Lie ကိုကြည့်ပြီး သူ့အနေနဲ့ ရှော့ခ်ရခဲ့တယ်လို့ Jin က ဖွင့်ဟခဲ့ပါတယ်။ Jimin ရဲ့ဖျော်ဖြေမှုက အလွန်အံ့အားသင့်စရာကောင်းလွန်းကြောင်း Jin က ဆိုခဲ့တာပါ။

Jimin ကတော့ သူ့ကိုယ်သူ နှိမ့်ချတဲ့အနေနဲ့ ကြိုးစားဖို့ လိုပါသေးတယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ Jimin ကလည်း Jin ဟာ အလွန်ကြိုးစားအားထုတ်မှုကောင်းသူလို့ ဆိုခဲ့ပါတယ်။ Jin ဟာ အလွန်ကြိုးစားသူဖြစ်ကြောင်း၊ choreographe တွေကိုလည်း အချန်ပိုပြီး များစွာလေ့ကျင့်ကြောင်း Jimin က ဖွင့်ဟခဲ့ပါတယ်။

ဒါ့အပြင် Jin ဟာ ဖျော်ဖြေပွဲတွေမှာ ဟာသဉာဏ်ရွှင်သူလို့လည်း Jimin က ဆိုခဲ့ပါသေးတယ်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကတော့ တကယ့်ကို နွေးထွေးလှပြီး ကြည်နူးစရာကောင်းလှတယ်လို့ ဆိုရမှာပါ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page