K pop

■ BTS ရဲ့ YouTube Views သန်း 700 ပြည့်တဲ့ (7)ပုဒ်မြောက် MV

— BTS ရဲ့ သီချင်းတစ်ပုဒ်ဟာ YouTube Views သန်း 700 ပြည့်တဲ့ မိုင်တိုင်တစ်ခုကို ရောက်ရှိခဲ့ပြီး သူတို့ရဲ့…

BTS အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “Blood Sweat & Tears” MV ဟာ ဖေဖော်ဝါရီလ 21 ရက်နေ့ ကိုရီးယားစံတော်ချိန် 8:27AM မှာ YouTube Views သန်း 700 ပြည့်တဲ့ မိုင်တိုင်ကိုရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

“Blood Sweat & Tears” MV ဟာ Wings Album ထဲက Title Track ဖြစ်ပြီး 2016 ခုနှစ် အောက်တို ဘာလ 10 ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ YouTube Views သန်း 700 ပြည့်တဲ့ မိုင် တိုင်ကိုရောက်ရှိဖို့ 4 နှစ် 4လ နဲ့ 11 ရက်ကြာမြင့်ခဲ့တယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် “Blood Sweat & Tears” MV ဟာ YouTube Views သန်း 700 ပြည့်တဲ့ အဖွဲ့ရဲ့ (7)ပုဒ် မြောက် MV တစ်ခုလည်းဖြစ်လာခဲ့ပါတယ်။ “DNA,” “Boy With Luv,” “Fake Love,” “IDOL,” “MIC Drop (Steve Aoki Remix),” နဲ့ “Dynamite.” တို့ပြီးနောက် “Blood Sweat & Tears” MV က YouTube Views သန်း 700 ပြည့်တဲ့ MV တစ်ပုဒ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

-m2t
Ref: Soompi

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page