K pop

■ Lisa ရဲ့ မေးခွန်းကြောင့် ‘Youth With You 3’ အဖွဲ့သားတွေ အားလုံးပွဲကျ

—- Lisa က ဘာမေးလိုက်လို့ အားလုံးက ပွဲကျခဲ့သလဲဆိုတာ….

BLACKPINK ရဲ့ Global Star အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa ဟာ ‘Youth With You 3’ အစီအစဉ်မှာ Mentor အဖြစ် ပြန်လည်ပါဝင်နေပြီဖြစ်ပါတယ်။

မကြာသေးခင်က Idol Survival Program ‘Youth With You 3’ အပိုင်းတစ်ခု ထုတ်လွှင့်ခဲ့ပြီး အဲဒီမှာ Lisa ရဲ့ Trainee တစ်ဦးအပေါ် မှတ်ချက်မပေးခင် မေးခွန်းတစ်ခုမေးမြန်းမှုဟာ Trainee ၊ ဒိုင်လူကြီး တွေအပါအဝင် အားလုံးကို ပွဲကျသွားစေခဲ့ပါတယ်။

Lisa က မှတ်ချက်ပေးရတဲ့ Trainee တစ်ဦးကတော့ Liang Sen ဖြစ်ပြီး သူဟာ ကတုံးပြောင်ကြီးနဲ့ဖြစ် ပါတယ်။ Lisa ဟာ Liang Sen ကို မှတ်ချက်မပေးခင်မှာ ကတုံးပြောင်နဲ့ပတ်သက်ပြီး မေးခွန်းမေးခဲ့ တာပါ။

Lisa က “ Liang Sen …မင်း ခေါင်းပေါ် မိတ်ကပ်တွေလူးထားသလား…ဘာလို့လည်းဆိုတော့ မင်းရဲ့ ကတုံးဟာ ပြောင်လတ်ပြီး တောက်ပနေတယ်။ တကယ့်ကို ချောမွေ့တောင်ပြောင်နေသလိုပဲ” လို့ မေးခွန်းမေးတဲ့အခါ ကာယကံရှင် Trainee ရော အားလုံးရောပါ ပွဲကျသွားခဲ့ပါတယ်။

နောက်ပြီး Lisa ဟာ Weibo မှာ Mentor တစ်ဦးဖြစ်သူ Esther Yu နဲ့ WeChat မှာ Add လုပ်နေမှု တွေကို ပရိသတ်တွေက ချစ်ခင်နေကြပြီး Trend ဖြစ်နေကြပါတယ်။

-m2t
Ref: Allkpop

*Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။*

You cannot copy content of this page