K pop

■ JYP Entertainment ရဲ့ အံ့အားသင့်ဖွယ် ကန်သတ်ချက်တစ်ခုကို Jackson ထုတ်ဖော်

– – -Jackson ရဲ့ ဖွင့်ဟချက်ကိုကြားပြီး ပရိသတ်တွေက အံ့အားသင့်ခဲ့ကြရကာ….

GOT7 အဖွဲ့ဝင် Jackson ဟာ DIVE Studios ရဲ့ Get Real မှာ ဧည့်သည်အဖြစ် ပါဝင်ခဲ့ရာမှာတော့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို ဖွင့်ဟသွားခဲ့ပါတယ်။

အဲဒီမှာ Jackson က အံ့အားသင့်ဖွယ် ဖွင့်ဟချက်တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ JYP Entertainment က သူ့ကို ကိုရီးယားမှာ Solo အတွက် ပရိုမိုးရှင်း ပြုလုပ်ခွင့် တားမြစ်ထားကြောင်း Jackson က ဆိုခဲ့တာပါ။

Jackson ဟာ ၂၀၁၇ ခုနှစ်မှာ Team Wang နဲ့အတူ Solo လှုပ်ရှားမှုတွေကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာတော့ Solo Album ကို ထုတ်ဝေခဲ့ပါတယ်။ ဒါပေမဲ့ JYP Entertainment နဲ့ သဘောတူညီချက်အရ Jackon ဟာ Solo အတွက်ကိုရီးယားမှာ ပရိုမိုးရှင်း ပြုလုပ်ခွင့်မရပါဘူး။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Jackson က “ကျွန်တော့်အနေနဲ့ ကိုရီးယားကလွဲပြီး တခြားဘယ်နေရာမှာမဆို ပရိုမိုးရှင်း ပြုလုပ်လို့ရပါတယ်။ ဒါက စာချုပ်ထဲမှာ ပါတဲ့ သဘောတူညီချက်ပါ။ စာချုပ်ကုန်ဆုံးပြီးသွားကတည်းက ကျွန်တော့်အနေနဲ့ အရာရာကို ပြန်ကြိုးစားသွားမှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်လက်ပြီး Jackson က လူတိုင်းဟာ ကိုယ့်ဘဝနဲ့သာကိုယ်သာ ရှင်သန်ရမှာဖြစ်ကြောင်း၊ ဘယ်သူ့မှ ကိုယ့်ဘဝထဲကို ဝင်ရောက်အကဲဖြတ်လို့ မရကြောင်း၊ တခြားသူတွေရဲ့ ပြောဆိုမှုကို ဂရုမစိုက်သင့်ကြောင်း ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page