K pop

■ Lisa ကို ဖမ်းစားနိုင်ခဲ့တဲ့ Youth with You 3 က သင်တန်းသားတစ်ဦး

– – – သူဟာ ‘Produce X101 ရဲ့ ပြိုင်ပွဲဝင်ဟောင်းဖြစ်ပြီး သူ့ရဲ့ဖျော်ဖြေမှုကို ကြည့်ပြီးအခါမှာ Lisa က…..

ဖေဖော်ဝါရီ (၁၈) ရက်နေ့က ထုတ်လွှင့်တဲ့ တရုတ် Idol Audition အစီအစဉ်ဖြစ်တဲ့ Youth with You 3 မှာ Produce X101 ပြိုင်ပွဲဝင်ဟောင်းတစ်ယောက် ပါဝင်ခဲ့ပါတယ်။

သူဟာ Tony ဖြစ်ပြီး သူ့ရဲ့ ဖျော်ဖြေမှုက အားလုံးကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ Mentor အဖြစ် ဆောင်ရွက်နေတဲ့ BLACKPINK အဖွဲ့ဝင် Lisa ကလည်း Tony ရဲ့ ဖျော်ဖြေမှုကိုကြည့်ပြီးနောက်မှာ သဘောကျခဲ့ပါတယ်။

Lisa က သူမအနေနဲ့ Tony ကို အရင်ကတည်းက သိရှိကြောင်း၊ Tony ဟာ အလွန်ကြိုးစားနေတာ တွေ့မြင်ရပြီးများစွာလည်း တိုးတက်လာခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

“တကယ်တော့ အရင်ကတည်းက တခြားအစီအစဉ်တစ်ခုမှာ မင်းကို တွေ့ခဲ့ပါတယ်။ မင်းက အရမ်းကြိုးစားပြီး အများကြီးလည်း တိုးတက်လာခဲ့တယ်နော်။ မင်းအနေနဲ့ အခုလိုကြိုးစားပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့ ငါ ပျော်မိပါတယ်”လို့ Lisa က ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page