K pop

■ မတ်လအတွင်း ပြုလုပ်သွားမဲ့ နာမည်ကျော် Idol တွေရဲ့ Comeback များ

– – -Rose’, Super Junior, TREASURE တို့အပါအဝင် လာမဲ့ မတ်လအတွင်းမှာလည်း နမာည်ကျော် Idol တွေရဲ့ Comeback တွေကို တွေ့မြင်ရဦးမှာပါ။

ATEEZ

မတ်လ (၁) ရက်နေ့မှာတော့ ATEEZ အဖွဲ့ရဲ့ Album သစ် ZERO: FEVER Part. 2 ကိုထုတ်ဝေသွားမှာပါ။

Rain

မတ်လ (၃) ရက်နေ့မှာ နာမည်ကျော် အဆိုတော် Rain ဟာ Album သစ် Why Don’t We ကို ထုတ်ဝေသွားမှာပါ။ ဒီ Album ထဲမှာ Chungha နဲ့လည်း Why Don’t We ဆိုတဲ့သီချင်းကို Collab ပြုလုပ်ထားပါတယ်။

iKON

iKON အဖွဲ့ကလည်း Why Why Why ဆိုတဲ့ digital single ကို မတ်လ (၃) ရက်နေ့မှာ ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။

MONSTA X

MONSTA X အဖွဲ့ကလည်း မတ်လ (၁၀) ရက်နေ့မှာ (၉) ပုဒ်မြောက် ဂျပန် Single Wanted ကို ထုတ်ဝေသွားမှာပါ။

Super Junior

အကြိမ်ကြိမ် ရွှွေ့ဆိုင်းထားခဲ့ရတဲ့ Super Junior အဖွဲ့ရဲ့ (၁၀) ခုမြောက် Full Album ကိုတော့ မတ်လ (၁၆) ရက်နေ့မှာ ထုတ်ဝေသွားတော့မှာပါ။

TREASURE

မတ်လ (၃၁) ရက်နေ့မှာတော့ TREASURE အဖွဲ့ဟာ သူတို့ရဲ့ ပထမဆုံး ဂျပန် Album The First Step: Treasure Effec ကို ထုတ်ဝေသွားမှာဖြစ်ပါတယ်။

BLACKPINK’s Rosé

မတ်လအတွင်းမှာပဲ BLACKPINK အဖွဲ့ဝင် Rose’ ဟာ တစ်ကိုယ်တော် ပွဲထွက်သွားဖို့ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်အထိ ရက်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page