—- BTS ရဲ့အေဂျင်စီ Big Hit Entertainment ဟာ 2020 ခုနှစ်အတွက် သူတို့ရဲ့ ဘဏ္ဍာရေးရှင်း တမ်းကို ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။
2020 ခုနှစ်မှာ COVID 19 အကျပ်အတည်းတွေကြောင့် အားလုံး ဒုက္ခရောက်ခဲ့ကြပေမယ့် Big Hit Entertainment ကတော့ စံချိန်တင်အမြတ်ဝင်ငွေတွေရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
Big Hit Entertainment ရဲ့ ဘဏ္ဍာရေးရှင်းတမ်းအရ ပြီးခဲ့တဲ့ 2019 ခုနှစ်ကထက် ပျမ်းမျှဝင်ငွေ36%၊ အမြတ်အစွန်း 44% ၊ အသားတင်အမြတ်ငွေ 19% တိုးတက်ခဲ့ပြီး စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။
2020 ခုနှစ်မှာ Big Hit ဟာ ဝင်ငွေအနေနဲ့ 796.3 ဘီလီယံဝမ် ($715,737,214.18 USD)၊ အမြတ်အစွန်း 142.2 ဘီလီယံဝမ် ($127,804,141.26 USD)၊ အသားတင်အမြတ်ငွေ 86.2 ဘီလီ ယံဝမ် ($77,481,818.20 USD) ရရှိခဲ့တယ်လို့ သိရပါတယ်။
Big Hit ရဲ့ Artist တွေဖြစ်တဲ့ BTS, Seventeen, TXT နဲ့ ENHYPEN တို့ဟာ Album ရောင်းအား 13.22 သန်း ရောင်းချနိုင်ခဲ့ပြီး အေဂျင်စီရဲ့ ဝင်ငွေ 40 ရာခိုင်နှုန်းက Album ရောင်းအားကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် COVID 19 ကြောင့် Concert တွေပြုလုပ်ခွင့်မရှိပေမယ့် Artist တွေရဲ့ merchandise ၊ Fan Club နဲ့ဆက်နွှယ်တဲ့ပစ္စည်းတွေရဲ့ရောင်းချမှုက ပြီးခဲ့တဲ့နှစ်ကထက် 50 ရာခိုင် နှုန်းထိုးတက်ခဲ့တယ်လို့ သိရပါတယ်။
-m2t
Ref: Allkpop