Celebrity

■ (3)နှစ်အတွင်း Kim Jong Kook လက်ထပ်နိုင်လား

—- Running Man အဖွဲ့ဝင် အဆိုတော် Kim Jong Kook အနေနဲ့ လာမယ့် 3 နှစ်အတွင်းမှာ လက်ထပ်နိုင်တယ်လို့ ထင်ပါသလား…

ဖေဖော်ဝါရီလ 21 ရက်နေ့က ပြသခဲ့တဲ့ RM အပိုင်းသစ်မှာ Kim Jong Kook ဟာ လက်ထပ်ဖို့နဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေးတွေကို ပြောပြခဲ့သလို သူ့ရဲ့ လက်ထပ်မှုကိုလည်း အဖွဲ့ဝင်တွေက ဆွေး နွေးခဲ့ကြပါတယ်။

ပထမဆုံးအနေနဲ့ Yoo Jae Seok က “ Jong Kook နားမှာ မိန်းကလေးတွေက ဝိုင်းဝိုင်းလည်ပါပဲ။ သူ့ အနေနဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ရင် ချက်ချင်းလက်ထပ်လို့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီအခါ Kim Jong Kook က “ တကယ်တော့ လက်ထပ်ဖို့က အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ လာမယ့် 3 နှစ်အတွင်း ကျွန်တော် လက်ထပ်သင့်တယ်လို့ ထင်ပါတယ်။ ရိုးရိုးသားသားပြောရရင် Date တာနဲ့ပတ်သက်ပြီး ဇီဇာကြောင်တာတော့မရှိပါဘူး” လို့ ဖြေခဲ့ပါတယ်။

နောက် Song Ji Hyo ကလည်း “ Jong Kook ဟာ Date ရင် အချိန်ကြာပြီးတွဲချင်တဲ့သူမျိုးပါ။ 3 နှစ် အတွင်း သူလက်ထပ်မယ်လို့ မထင်ပါဘူး။ အချိန်က တိုလွန်းပါတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

Kim Jong Kook က “ အဲဒါလည်းမှန်ပါတယ်။ အချို့သောအကြောင်းပြချက်တွေကြောင့် အချိန်အ ကြာကြီး ဒိတ်ခဲ့တဲ့သူတွေကို လက်ထပ်ဖို့ ခက်ခဲပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီအခါ Yoo Jae Seok က “ ငါဆိုရင် ငါ့မိန်းကို 2 နှစ်လောက်ပဲ ဒိတ်ပြီး လက်ထပ်လိုက်တာပဲ။ ငါ ကတော့ လောင်းရဲတယ်။ Jong Kook သာ ဆန္ဒရှိမယ်ဆိုရင် 3နှစ်အတွင်း လက်ထပ်နိုင်တယ်” လို့ ပြောခဲ့ပါတယ်။

-m2t
Ref: SBSstar

You cannot copy content of this page