K pop

■ You Quiz on the Block မှာ ပါဝင်မယ့် BTS

— – – သူတို့ ပါဝင်တဲ့ အပိုင်းကိုတော့ ….

နာမည်ကျော် BTS အဖွဲ့ဟာ You Quiz on the Block လို့ အမည်ပေးထားတဲ့ အစီအစဉ်မှာ ပါဝင်သွားမယ်လို့ သိရပါတယ်။

BTS အဖွဲ့ဝင်တွေအားလုံး You Quiz on the Block အစီအစဉ်ရဲ့ အပိုင်း (၉၉)မှာ ပါဝင်မယ်လို့ tvN ရုပ်သံက ပြီးခဲ့တဲ့ရက်ပိုင်းက အတည်ပြုခဲ့တာပါ။

You Quiz on the Block အစီအစဉ်ကို နာမည်ကျော်တွေဖြစ်တဲ့ Yoo Jae Suk နဲ့ Jo Seho တို့က MC အဖြစ် တင်ဆက်နေတာ ဖြစ်ပြီး BTS အဖွဲ့ ပါဝင်မယ့်အပိုင်းဟာ မိနစ် (၁၀၀) ကြာမြင့်မယ်လို့ သိရပါတယ်။

BTS အဖွဲ့ဝင်တွေအားလုံး ပါဝင်တဲ့ You Quiz on the Block အစီအစဉ်ရဲ့ အပိုင်း (၉၉) ကို မတ်လ (၂၄)ရက်နေ့မှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Ref: AKP

You cannot copy content of this page