— – – Snowdrop ရိုက်ကွင်းက Jisoo ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေ အလွန်သဘောကျ …
နာမည်ကျော် BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပထမဆုံး Drama ဖြစ်တဲ့ Snowdrop ရိုက်ကွင်းက ပုံရိပ်တွေ ထွက်ပေါ်လာပြီး ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက Snowdrop ပရိသတ်အကောင့်တစ်ခုက မင်းသား Jung Hae In နဲ့ Jisoo ရဲ့ ပုံရိပ်တွေနဲ့ ဗီဒီယိုဖိုင်အချို့ကို IG မှာ တင်ခဲ့တာပါ။
အဲဒီဗီဒီယိုဖိုင်တွေ၊ ပုံရိပ်တွေ ထွက်ပေါ်လာပြီးနောက်မှာတော့ ကမ္ဘာ့အနှံ့က BLINK တွေဟာ သူတို့ရဲ့ ရိုက်ကွင်းတွေကို မြင်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာနေကြပြီး စိတ်လှုပ်ရှားနေကြပါတယ်။
Snowdrop ဇာတ်လမ်းတွဲကို ဒီနှစ် ပထမနှစ်ဝက်ကုန်ခါနီး သို့မဟုတ် ဒုတိယနှစ်ဝက် အစပိုင်းလောက်မှာ ထုတ်လွှင့်ဖို့ ရှိတယ်လို့ သိရပါတယ်။
Ref: AKP