K pop

■ ထူးခြားသော အကြောက်တရားနဲ့ Idol များ

လူတိုင်းမှာ အမြင့်၊ ပိုးမွှား ၊ အပ်၊ တစ်စုံတစ်ခု ဒါမှမဟုတ် တိရိစ္ဆာန်တစ်ကောင်ကောင်ကို ကြောက်တတ်ကြ ပါတယ်။ Idol တွေက လည်း လူသားတွေထဲက လူသားတွေကြောင့် သူတို့မှာ ကြောက်တတ်တဲ့အရာ တစ်ခု စီရှိကြပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် Idol တွေကတော့ သာမန်လူတွေကြောက်တတ်တဲ့ အရာတွေ မဟုတ်ဘဲ တမူထူးခြားတဲ့ အကြောက်တရားလေးတွေရှိနေကြတာဖြစ်ပါတယ်။ သူတို့တွေက ဘယ်သူတွေလဲ . . . ဘယ်လိုအရာကိုကြောက်တတ်ကြတာလည်းဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

HyunA

HyunA ဟာ ထူးထူးခြားခြားပဲ ကြက်ကို ကြောက်လန့််တဲ့သူဖြစ်ပါတယ်။

EXO’s Lay – Pigeons

Lay ကြောက်တဲ့အရာက ခိုဖြစ်ပါတယ်။ သူဟာ ခိုကိုတွေ့ရင် ထူးထူးခြားခြားကြောက်တတ်တာဖြစ်ပါတယ်။

Girl’s Day’s Sojin

Sojin ဟာ ကြက်ခြေထောက်တွေကို ကြောက်တာပါ။ ဒါကြောင့် သူမဟာ ကြက်ခြေထောက်ပါတဲ့ ဟင်းပွဲဆို လုံးဝမစားပါဘူးတဲ့။

SNSD’s Taeyeon နဲ့ Red Velvet’s Yeri

Taeyeon နဲ့ Yeri တို့ဟာ အတိတ်မှာတုန်းက သူတို့အနေနဲ့ ကင်မရာကို ကြောက်တယ်လို့ ဖွင့်ဟခဲ့ဖူးပါတယ်။

BTS’ Jungkook

Jungkook ကတော့ ဓါတ်လှေကားနဲ့ Microwaves ကို ကြောက်တတ်တာပါ။ အထူးသဖြင့် Microwaves ကို ပို ကြောက်ပါတယ်တဲ့။

Tiffany

Tiffany က သူမအနေနဲ့ ငါးရဲ့မျက်လုံးကိုမြင်ရင် အသည်းယားပြီး ကြောက်ပါတယ်တဲ့။

f(x)’s Amber

Amber က တစ်ယောက်တည်းရှိပြီး အထီးကျန်တာဟာ သူ့အတွက် အကြောက်ဆုံးပါလို့ ဆိုခဲ့ပါတယ်။

SNSD’s YoonA နဲ့ BIGBANG’s Daesung

YoonA နဲ့ Daesung တို့ကတော့ ထူးထူးခြားခြား အကြောက်တရားတူကြပြီး ငါးကို ကြောက်ကြတာဖြစ်ပါ တယ်။

-m2t
Ref: Kstarlive

You cannot copy content of this page