– – – Jennie နဲ့ G-Dragon တို့အပေါ် K-Netizens တွေ သဘောတူလား၊ မတူဘူးလားဆိုတာ…
မနေ့ကတုန်းက နာမည်ကျော် သတင်းဌာန Dispatch ဟာ BLACKPINK အဖွဲ့ဝင် Jennie နဲ့ BIGBANG အဖွဲ့ဝင် G-Dragon တို့ တွဲနေပြီလို့ ဖော်ပြခဲ့ပါတယ်။
သူတို့နှစ်ယောက် တွဲနေတာ ၁ နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပြီး YG Entertainment ကတော့ ဒါဟာ အနုပညာရှင်တွေရဲ့ ပုဂ္ဂိုလ်ရေးဖြစ်လို့ အတည်မပြုနိုင်ကြောင်းသာ လက်ရှောင်တဲ့ပုံစံမျိုးဆန်န်သာ ထုတ်ပြန်ခဲ့ပါတယ်။
တွဲနေတယ်ဆိုတဲ့ သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် Jennie နဲ့ G-Dragon တို့နှစ်ယောက်အတွက် K-Netizens တွေက ဝမ်းမြောက်လျက်ရှိနေပြီး ဂုဏ်ပြုစကားတွေ ပြောကြားခဲ့ကြပါတယ်။
ပရိသတ်တွေက Meme ပုံတွေ၊ GIF ဖိုင်တွေနဲ့ သူတို့နှစ်ယောက်ကို ထောက်ခံအားပေးခဲ့ကြတာ ဖြစ်ပါတယ်။ BLACKPINK ရဲ့ အကြီးမားဆုံး ကိုရီးယား Fanbase တစ်ခုကလည်း သူတို့နှစ်ယောက်နဲ့ ပတ်သက်ပြီး ထောက်ခံကြောင်း ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထုံးစံအတိုင်း တချို့မုန်းထားသူတွေရဲ့ Negative မှတ်ချက်တွေလည်း ရှိခဲ့တာဖြစ်ပြီး နှစ်ဖက်ပရိသတ်တွေကတော့ ဒီမှတ်ချက်တွေကို ဆန့်ကျင်ကြောင်း၊ Relationship ကို လေးစားသင့်ကြောင်း ပြန်တုံ့ပြန်ခဲ့ကြပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *