Articles

■ အသက် ၃၀ ကျော် ဘဝနဲ့ပတ်သက်ပြီး Baekhyun ရဲ့ ဖွင့်ဟချက်

– – -အသက် ၃၀ ကျော်ဘဝကို စိတ်ကူးကြည့်လိုက်ရင် Baekhyun ရင်ထဲမှာ…

ဘဝဆိုတာ ပန်းတိုင်တွေ၊ ရည်မှန်းချက်တွေ ရှိနေမှ ရှင်သန်ရတာ ပိုမိုပျော်ရွှင်ရတာမျိုး မဟုတ်လား။

EXO အဖွဲ့ဝင် Baekhyun ဟာ W Korea နဲ့ အင်တာဗျူးမှာတော့ အသက် ၃၀ ကျော်ဘဝနဲ့ ပတ်သက်ပြီး စိတ်ကူးဆန္ဒတွေကို ဖွင့်ဟခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ်ရှိ Baekhyun ဟာ သူ့ရဲ့အနာဂတ် ကြေးမုံနဲ့ပတ်သက်ပြီး ရိုးရိုးလေး အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။

လူတွေဟာ ထိပ်စီးတစ်ခုပြောင်းသွားတိုင်း ရည်မှန်ထားတာတွေ၊ ကွဲပြားတဲ့ လုပ်ဆောင်ချက်တွေရှိနေတတ်ကြပါတယ်။ Baekhyun ကတော့ အသက် (၃၀) အရွယ်ဆိုတာ သူ့အတွက်တော့ စတင်ခြင်း ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဆက်သွားရမှာအများကြီး ကျန်ရှိနေသေးပြီး သီချင်းဆက်ဆိုချင်သေးတဲ့အတွက် ကျန်းမာရေးကို ဂရုစိုက်ရမယ်လို့လည်း Baekhyun က ဆိုခဲ့ပါတယ်။ “ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ အသက် (၃၀) ကျော်ဘဝကို စောင့်ကြည့်ပေးကြပါ”လို့ Baekhyun က ဆိုခဲ့တာပါ။

ဒါ့အပြင် Baekhyun က အဲဒီအင်တာဗျူးမှာ ပြီးခဲ့တဲ့ ၂၀၂၀ အကြောင်းနဲ့ ပတ်သက်ပြီးလည်း ဖွင့်ဟခဲ့ပါတယ်။ ၂၀၂၀ ဟာ ကိုဗစ်ကြောင့် ရိုက်ခတ်မှု ကြီးမားခဲ့ပေမဲ့ OST Album တွေ၊ Online Concert တွေလုပ်ရင်း ပရိသတ်တွေအတွက် Baekhyun ပေးဆပ်ခဲ့ပါတယ်။

OST တွေဆိုရခြင်းနဲ့ ပတ်သက်ပြီး Baekhyun က “ဒါက ကျွန်တော့်ရဲ့အသံကို ပရိသတ်တွေကြားနိုင်တဲ့နည်းလမ်းလို့ တွေးမိပါတယ်။ ဇာတ်လမ်းတွဲတွေ၊ Netflix ကြည့်ရင်း ကျွန်တော့်က အတူတူရှိနေမယ်လို့ ပရိသတ်တွေ ခံစားမိနိုင်မှာပါ”လို့ Baekhyun က ဆိုခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page