K pop

■ G-Dragon နဲ့ Jennie တို့ အသုံးချ ခံလိုက်ရပြန်ပြီလား

– – – တောင်ကိုရီးယားမှာ အကြီးအကဲရဲ့ အပုတ်တွေကို ဖုံးဖို့အတွက် K-pop က အသုံးချစရာပစ္စည်းတစ်ခု ဖြစ်နေခဲ့တာ…..

ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ Dispatch က ဖော်ပြခဲ့တဲ့ G-Dragon နဲ့ Jennie ရဲ့ Dating သတင်းဟာ လူမှုကွန်ရက်မှာ အတော်လေးကို ဂယက်ရိုက်ခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ ကျော်ကြားမှုကြောင့် ကမ္ဘာအနှံ့က စိတ်ဝင်စားမှုကို ခံခဲ့ရတယ်ဆိုရင်လည်း မမှားပါဘူး။

အဲဒီသတင်းတွေကို YG က အတည်ပြုခြင်း မရှိသလို ကာယကံရှင်တွေကလည်း ထုတ်ပြောခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ Dating သတင်းမတိုင်ခင် အကြောင်းအရာတွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်က အဆုံးစီရင်ခဲ့တဲ့ ဆိုးလ်မြို့တော်ဝန်ဟောင်း ပတ်ဝမ်ဆွန်ရဲ့မဖွယ်မရာ စော်ကားမှုသတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီသတင်းက ကိုရီးယားရဲ့ဂုဏ်သိက္ခာကို အလွန်ထိခိုက်စေတဲ့သတင်းဖြစ်ပြီး အဲဒီသတင်းနောက်ပိုင်းမှာ K-pop ဟာ အတော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ နာမည်ကျော် အမျိုးသမီးအဆိုတော် Hyun A အပါအဝင် Idol (၁၅) ဦးရဲ့ ကျောင်းတော်တုန်းက အနိုင်ကျင့်သတင်းတွေ တောက်လျှောက်တက်လာခဲ့တာပါ။

ဒါပေမဲ့ အဲဒီသတင်းတွေဟာ ဆိုးလ်မြို့တော်ဝန်ဟောင်းရဲ့သတင်းကို ဖုံးဖိနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ G-Dragon နဲ့ Jennie ရဲ့သတင်းထွက်လာတော့တာပါပဲ။ Dispatch ရဲ့ဖော်ပြမှုဟာ ခိုင်လုံတဲ့သက်သေအထောက်အထား မရှိတာကြောင့် ဒါဟာ အကြီးအကဲရဲ့အပုတ်ကို ဖုံးဖို့အတွက် ကိုရီးယားတွေက ကမ္ဘာကျော် Idol တွေကို အသုံးချလိုက်တာလို့ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။

ကိုရီးယားမှာက ဒီလိုမျိုး အဖြစ်အပျက်တွေဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးတာကြောင့် အခုထွက်နေတဲ့ G-Dragon နဲ့ Jennie ရဲ့ Dating သတင်းဟာလည်း ဆိုးလ်မြို့တော်ဝန်ဟောင်းရဲ့အပုတ်ကိုဖုံးဖို့ လွှင့်လိုက်တာဖြစ်ဖို့ များနေပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page