– – – သူက အဲဒီအစီအစဉ်မှာ Special MC အဖြစ် ပါဝင်သွားမှာပါ။
SBS ရုပ်သံရဲ့ နာမည်ကျော် အစီအစဉ်တစ်ခုဖြစ်တဲ့Mg Uply Duckling အစီအစဉ်မှာ BLACKPINK အဖွဲ့ဝင် Rose’ က ပါဝင်သွားမယ်လို့ သိရပါတယ်။
အဲဒီသတင်းကို ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ Mg Uply Duckling ထုတ်လုပ်ရေး တာဝန်ရှိသူတွေက အတည်ပြုခဲ့ပြီး Rose’ အနေနဲ့ Special MC အဖြစ် ပါဝင်ထားတဲ့ အဲဒီအပိုင်းကို ရိုက်ကူးပြီးသွားပြီလို့ ဖော်ပြထားပါတယ်။
Mg Uply Duckling ရဲ့ ဖော်ပြမှုမှာ “Rose’ ဟာ ဖေဖော်ဝါရီ (၂၄) ရက်နေ့က အစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းအတွက် Special MC အဖြစ် ရိုက်ကူးခဲ့ကြောင်း၊ Rose’ ပါဝင်တဲ့အပိုင်းကို မတ်လမှာ ထုတ်လွှင့်မှာဖြစ်ကြောင်း”ပါရှိပါတယ်။
BLACKPINK အဖွဲ့ဝင် Rose’ ဟာ မတ်လအတွင်း Solo Debut လုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
Ref: Koreaboo
* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *