K pop

■ BTS အဖွဲ့ဝင် V ရဲ့ Solo Mixtape နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ

– – – သူ့ရဲ့ Solo Mixtape နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို V က …..

BTS အဖွဲ့ရဲ့ Behind Story Teaser ဗီဒီယိုမှာ BTS အဖွဲ့ဝင် V ရဲ့ Solo Mixtape နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို BTS အဖွဲ့ဝင်တွေက ပြောပြခဲ့ကြပါတယ်။

အဲဒီဗီဒီယိုမှာ ပါဝင်တဲ့ အချက်အလက်တွေအရ V ရဲ့ Solo Mixtape မှာ သီချင်းပေါင်း (၁၃)ပုဒ်ပါဝင်မယ်လို့ သိရပါတယ်။ V ဟာ သူ့ရဲ့ Solo Mixtape ကို ၂၀၂၀ ပြည့်နှစ်ကတည်းက ထုတ်ဖို့ စီစဉ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ကြန့်ကြာနေခဲ့ပြီး ဒီနှစ်မှာမှ ထုတ်ဝေမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ထုတ်ဝေမဲ့ရက်စွဲကိုတော့ အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page