K pop

■ မောင်လေးတွေကို သဘောကျတယ်လို့ ဝန်ခံထားတဲ့ အမျိုးသမီးအနုပညာ(၅) ဦး

– – -ဒီ မမတွေကတော့ မောင်လေးတွေကိုမှ သဘောကျတာပါတဲ့။

Park Bo Young

နာမည်ကျော်မင်းသမီး Park Bo Young ကလည်း မောင်လေးတွေကို သဘောကျတယ်လို့ ဝန်ခံထားခဲ့တာပါ။ ရုပ်သံအစီအစဉ်တစ်ခုမှာ Park Bo Young က “ခပ်ငယ်ငယ်ကောင်လေးတွေ ဒါကိုကြည့်နေမယ်ဆိုရင် တစ်ခုလောက်ပြောချင်ပါတယ။် မင်းတို့ကို အစ်မက အသက်ကြီးတဲ့သူတွေထက် ပိုကြိုက်ပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

Nayeon (TWICE)

Sudden Attack Fanmeeting မှာ ပရိသတ်တစ်ယောက်က Nayeon ကို “noona က အသက်ကြီးတဲ့သူတွေကိုကြိုက်လား၊ အသက်ငယ်တဲ့သူတွေကိုကြိုက်လား”လို့ မေးခဲ့ပါတယ်။ ဒီအခါ Nayeon က အသက်ငယ်တဲ့သူတွေကို ကြိုက်တယ်လို့ ဖြေခဲ့ပါတယ်။

Han Ye Seul

မင်းသမီး Han Ye Seul ကလည်း ရုပ်သံအစီအစဉ်တစ်ခုမှာ ပါဝင်တုန်းက ဒီဘက်ခေတ်မှာ အသက်ငယ်တဲ့ကောင်လေးတွေက ဆွဲဆောင်မှု ရှိလာတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Hyojung (OH MY GIRL)

OH MY GIRL အဖွဲ့ဝင် Hyojung ကလည်း မောင်လေးတွေကို သဘောကျသူပါ။ SBS Power FM‘s Choi Hwa Jung Power Time မှာ ဧည့်သည်အဖြစ် ပါဝင်ရာမှာ Hyojung က မောင်လေးတွေက ချစ်စရာကောင်းကြောင်း၊ သူမအနေနဲ့ ကိုယ့်ထက် (၃)နှစ်လောက်ငယ်တဲ့ ကောင်လေးနဲ့ ဒိတ်လုပ်နိုင်ကြောင်း ဆိုခဲ့ပါတယ်။

Ha Ji Won

နာမည်ကျော်မင်းသီး Ha Ji Won ကလည်း မောင်လေးတွေကို ပိုပြီး နှစ်သက်သူပါ။ ကိုယ်ထက် အသက်ငယ်တဲ့ကောင်လေးတွေနဲ့ဆိုရင် သူမအနေနဲ့ သက်သောင့်သက်သာဖြစ်ကြောင်း Han Ji Won က ဖွင့်ဟခဲ့ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page