K pop

■ Kim Seon Ho အချစ်ဆုံး TWICE အဖွဲ့ဝင်

— – – မင်းသား Kim Seon Ho က TWICE အဖွဲ့အပေါ်ထားတဲ့ …

Netflix ဇာတ်လမ်းတွဲ Start-up မှာ သရုပ်ဆောင်ရင်း နာမည်ရလာတဲ့ မင်းသား Kim Seon Ho က K-Pop အဖွဲ့တွေထဲမှာ TWICE အကြိုက်ဆုံးလို့ ဆိုခဲ့ကြပြီး သူဟာ TWICE အဖွဲ့ရဲ့ အန်ကယ်ဖန်ဖြစ်တယ်လို့ ဆိုပါတယ်။

Kim Seon Ho က “ကျွန်တော်က TWICE အဖွဲ့ရဲ့ ပရိသတ်ပါ။ ကျွန်တော့်အတွက်တော့ သူတို့ သီချင်းတွေထဲမှာ Heart Shaker က အကောင်းဆုံးလို့ ထင်ပါတယ်။ TWICE အဖွဲ့ကို အားပေးရင်းနဲ့ ဦးလေးပရိသတ်တွေရဲ့ ခံစားချက်ကို ကျွန်တော် နားလည်ပါတယ်”လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟခဲ့တာပါ။

ဆက်ပြီးတော့ Kim Seon Ho က TWICE အဖွဲ့ဟာ သူ့အကြိုက်ဆုံးအဖွဲ့ဝင်ကိုလည်း ထုတ်ဖော်ဝန်ခံခဲ့ပြီး သူကတော့ Dahyun ဖြစ်ပါတယ်။

“ကျွန်တော် Dahyun ကို ဒီအတိုင်းကို ချစ်တာပါ။ ကျွန်တော့်အနေနဲ့ တစ်နေ့မှာ Dahyun လို သမီးလေးတစ်ယောက် ပိုင်ဆိုင်ဖို့ မျှော်လင့်ပါတယ်။ TWICE အဖွဲ့ကို ကြည့်တဲ့အခါ ရင်ထဲမှာ ဂုဏ်ယူသလို ခံစားရပါတယ်”လို့ Kim Seon Ho က ဆိုခဲ့ပါတယ်။

K Netizen တွေကလည်း Kim Seon Ho အနေနဲ့ Dahyun ကို ရွေးချယ်တာကို ထောက်ခံခဲ့ပြီး Dahyun က ချစ်စရာကောင်းတယ်လို့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

— ဃဲ
Ref: Koreaboo & Photos Credit.

*** Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Next In ၏ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည် ***

You cannot copy content of this page