K pop

■ ခန္ဓာကိုယ်ရော၊ မျက်နှာသွင်ပြင်ပါ ပြီးပြည့်စုံလွန်းတယ်လို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီး Idol (၅) ဦး

– – -ဒီအမျိုးသမီး Idol တွေက ခန္ဓာကိုယ်ရော၊ မျက်နှာသွင်ပြင်ပါ အပြစ်ပြောစရာ မရှိဘဲ…..

K-pop နယ်ပယ်မှာ အမျိုးသမီး Idol တွေက Visual ဖြစ်လွန်းတာပဲ ဖြစ်ပါတယ်။ ဒီအထဲကမှ အခုဖော်ပြမဲ့ အမျိုးသမီး Idol တွေက ခေါင်းအစ၊ ခြေအဆုံး လှသွေးကြွယ်ပြီး အပြစ်ပြောစရာ မရှိတာ တွေ့ရမှာပါ။

Tzuyu (TWICE)

TWICE အဖွဲ့ဝင် Tzuyu ဟာ ပွဲထွက်ပြီးကတည်းက Visual ဖြစ်မှုနဲ့ပတ်သက်ရင် ချီးကျူးခံရသူပါ။ သူမဟာ Visual ဖြစ်ရုံမက ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်တာ တွေ့ရမှာပါ။

Jisoo (BLACKPINK)

BLACKPINK အဖွဲ့ဝင် Jisoo ကလည်း ကျက်သရေရှိလွန်းစွာ လှပသူတစ်ယောက်ပါ။ ခန္ဓာကိုယ် အချိုးကျမှုနဲ့ ပတ်သက်ရင်လည်း Jisoo ဟာ ချီးကျူးခံထားရသူပါ။

Minju (IZ*ONE)

IZ*ONE အဖွဲ့ရဲ့ Visual အဖြစ် သတ်မှတ်ခံထားရတဲ့ Minju ကလည်း မျက်နှာသွင်ပြင်ရော၊ ခန္ဓာကိုယ်အချိုးအစားပါ ပြီးပြည့်စုံသူတစ်ယောက် ဖြစ်ပါတယ်။

Karina (aespa)

Karina ကတော့ မျက်နှာသေးသေးလေးနဲ့ လှပသူဖြစ်ပြီး ခန္ဓာကိုယ်အချိုးအစားကလည်း ပြေပြစ်တာ တွေ့ရမှာပါ။

Yoona (Girls Generation)

အလှတရာနဲ့ ပတ်သက်ရင် SNSD အဖွဲ့ဝင် Yoona ကလည်း ချန်ထားလို့ မရသူတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ခါးသေးသေးလေနဲ့ သွယ်လျတဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း မြင်သူတကာ ငေးလောက်စရာပါပဲ။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page