K pop

■ T-ara အဖွဲ့ဝင် Park Ji Yeon အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

– – -Ji Yeon ရဲ့အေဂျင်စီကတော့ သူတို့ရဲ့ အနုပညာရှင်ကို ကာကွယ်ဖို့အတွက် အခုလို လုပ်ဆောင်ထား….

T-ara အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Park Ji Yeon ဟာ လူမှုကွန်ရက်ကနေ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ (၂၄) ရက်မှာ Ji Yeon ရဲ့ အေဂျင်စီ Partners Park က အဲဒီသတင်းကို အတည်ပြုခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို စုံစမ်းပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ Partners Park ရဲ့ ထုတ်ပြန်ချက်မှာ “Ji Yeon ဟာ Twitter, IG တို့ကနေတစ်ဆင့် အသက်အန္တရာယ် ခြိမ်းခြောက်တဲ့ မက်ဆေ့ချ်ပေါင်းများစွာ ရရှိထားကြောင်း၊ သူတို့အနေနဲ့ အဲဒီကိစ္စကို အလေးထားဆောင်ရွက်နေပြီး ခိုင်လုံတဲ့ သက်သေတွေကို စုဆောင်းနေကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေကို တောင်းဆိုကြောင်း၊

အခုအချိန်မှာ Jiyeon အတွက် သူတို့အနေနဲ့ အရမ်းစိတ်ပူနေကြောင်း၊ အခုဖြစ်ရပ်တွေက Jiyeon ရဲ့ စိတ်ခံစားမှုကို များစွာထိခိုက်နိုင်ကြောင်း၊ သူတို့အနေနဲ့ Ji Yeon ကို ဂရုတစိုက် စောင့်ကြည့်နေကြောင်းနဲ့ လိုအပ်တဲ့အကူအညီတွေ ပေးသွားဖို့ အသင့်ရှိနေကြောင်း”ဖော်ပြပါရှိပါတယ်။

Ji Yeon ဟာ ၂၀၀၉ ခုနှစ်မှာ T-ara အဖွဲ့နဲ့အတူ ပွဲထွက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ သရုပ်ဆောင်အလုပ်တွေကို အားပြုလုပ်ဆောင်နေသူဖြစ်ပါတယ်။

Ref: Koreaboo

* Next In ဝက်ဘ်ဆိုက်နှင့် Facebook Page များတွင် ဖော်ပြထားသည့် သတင်းများကို အခြား Page၊ Blog၊ Website များတွင် ကူးယူဖော်ပြခွင့် မပြုပါ။ ထို့ကြောင့် Nex t In မှာ တင်ဆက်မှုများကို ကူးယူဖော်ပြခြင်း မလုပ်ကြပါရန် အနူးအညွှတ် မေတ္တာရပ်ခံအပ်ပါသည်။ *

You cannot copy content of this page