K pop

■ ဖေဖော်ဝါရီလ Singer Brand Reputation Rankings မှာ ဘယ်သူတွေရပ်တည်ခဲ့သလဲ

— လစဉ်ထုတ်ပြန်နေကြဖြစ်တဲ့ ဖေဖော်ဝါရီလ Singer Brand Reputation Rankings တွေထွက်ပေါ် လာခဲ့ပြီဖြစ်ပြီး ဘယ်သူတွေ ထိပ်ဆုံးက ဦးဆောင်ခဲ့သလဲဆိုတာ…

Korean Business Research Institute က ထုတ်ပြန်တဲ့ ဇန်နဝါရီလ Singer Brand Reputation Rankings မှာတော့ BTS ၊ IU နဲ့Trot Singer ဖြစ်တဲ့ Im Young Woong တို့က ထိပ်ဆုံးမှာဦးဆောင် ခဲ့ကြပါတယ်။

Korean Business Research Institute ဟာ ဇန်နဝါရီလ 27 ရက်နေ့ကနေ ဖေဖော်ဝါရီလ 27 ရက် နေ့အထိ တောင်ကိုရီးယားနိုင်ငံရှိ Music Singer တွေရဲ့ ကြော်ငြာရိုက်ရမှုတွေ၊ မီဒီယာပေါ်မှာ ပရိ သတ်တွေကို လွှမ်းမိုးနိုင်မှု၊ ကျော်ကြား မှုတွေ စတဲ့ အချက်အလက်တွေကို တွက်ချက်ကာ တစ်လ အတွင်း လူကြိုက် အများဆုံး ဒီစာရင်းကို ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

Singer စာရင်းရဲ့ ထိပ်ဆုံးမှာ ဦးဆောင်ခဲ့တဲ့ ကမ္ဘာကျော် K-pop အဖွဲ့ BTS ဟာ Reputation Index (13,215,433) ရရှိခဲ့ပါတယ်။ BTS ရဲ့ နောက် ဒုတိယနေရာမှာရပ်တည်ခဲ့တဲ့ တစ်ကိုယ်တော်အဆို တော် IU က Reputation Index (9,656,213) ရရှိခဲ့သလို နာမည်ကြီး Trot အဆိုတော် Im Young Woong က Reputation Index (8,654,221) ရရှိခဲ့တာပါ။ နံပါတ် (4)မှာ BLACKPINK အဖွဲ့ကရပ် တည်ခဲ့ပြီး Reputation Index (6,149,244) ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီလအတွက် Singer Brand Reputation Rankings (30)စာရင်းကို ဖော်ပြပေးလိုက်ပါ တယ်။

1# BTS ၊ 2# IU ၊ 3# Im Young Woong ၊ 4# BLACKPINK ၊ 5# Kang Daniel ၊ 6# Young Tak ၊ 7# Lee Chan Won ၊ 8# NCT ၊ 9# Sunmi ၊ 10# IZ*ONE

11# TWICE ၊ 12# SEVENTEEN ၊ 13# Oh My Girl ၊ 14# Kim Hee Jae ၊ 15# GFRIEND ၊ 16# Song Ga In ၊ 17# EXO ၊ 18# Lee Seung Gi ၊ 19# Jung Dong Won ၊ 20# Chungha

21# MAMAMOO’s Hwasa ၊ 22# Girls’ Generation’s Taeyeon ၊ 23# Jessi ၊ 24# Red Velvet ၊ 25# Jang Min Ho ၊ 26# Punch ၊ 27# Park Jin Young ၊ 28# Ben ၊ 29# Red Velvet’s Joy ၊ 30# Na Hoon Ah

-m2t
Ref: Soompi

You cannot copy content of this page