K pop

■ Xiumin ရဲ့ ကျောင်းတော်တုန်းက သန့်စင်မှုကို အခန်းဖော် ဖောက်သည်ချ

—- ကျောင်းတော်တုန်းက သန့်စင်မှုလို့ဆိုလို့ ပရိသတ်တွေ နဝေတိမ်းတောင်ဖြစ်သွားမယ်ထင်ပါတယ်။ ကိုရီးယား လူမှုကွန်ရက်မှာ များစွာသော Cele တွေဟာ ကျောင်းတော်တုန်းက အ -ိုင်ကျင့်မှု စွပ်စွဲ ချက်တွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒီအရေးနဲ့ပတ်သက်ပြီး Xiumin ရဲ့ အခန်းဖော်သူငယ်ချင်း တွေက Xiumin ဟာ ကျောင်းတော်တုန်းက ဘယ်လိုလူမျိုးလဲဆိုတာကို ဖော်ပြပြီး စွပ်စွဲမှုရန်တွေက ကင်းဝေးအောင် ကြိုတင်ကာကွယ်ပေးတာ လည်းဖြစ်ပါတယ်။

EXO အဖွဲ့ဝင် Xiumin ရဲ့ ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးက လူမှုကွန်ရက်မှာ သူဟာ Xiumin နဲ့ အခြေခံပညာကျောင်းတုန်းက သူငယ်ချင်းတစ်ဦးလို့ အစချီပြီး ပို့စ်ရေးပေးခဲ့တာပါ။

အဆိုပါ ကျောင်း နေဖက်သူငယ်ချင်းက “ Xiumin ဟာ ကျောင်းနေတုန်းက ကြင်နာတက်ပြီး စိတ်သ ဘောထားကောင်း တဲ့သူဖြစ်ပါတယ်။ အခန်းထဲမှာ ယောကျာ်းလေးသူငယ်ချင်းတွေလည်းအ များကြီးဖြစ်ပါတယ်။ တစ်ခုသော အဖြစ်အပျက်ကို ကျွန်တော်မှတ်မိပါသေးတယ်။ ကျောင်းတက်တုန်း က အချို့သူငယ်ချင်းတွေဟာ ကျွန်တော့်ကို နောက်ပြောင်ပြီး စနေခဲ့လို့ ငိုခဲ့ရပါတယ်။ အဲဒီအခါ Xiumin က ကျွန်တော့်ဆီ နို့အေးလည်း တိုက်သလို မငိုဖို့ကိုလည်း နှစ်သိမ့်ပေးခဲ့သူပါ။ Minseok (Xiumin ရဲ့ အမည်ရင်း)…မင်းမှတ်မိသေးလား အဲဒီအဖြစ်အပျက်ကို….ကျေးဇူးတင်ပါတယ်။ အဲဒီက တည်းက မင်းပရိသတ်ဖြစ်ခဲ့တာပါ” လို့ ရေးသားခဲ့တာပါ။

အဆိုပါ ကျောင်းနေဖက်ရဲ့ ပို့စ်ကို ဖတ်ပြီး EXO-L တွေက Xiumin ရဲ့ ကြင်နာမှုအတွက် ဂုဏ်ယူနေခဲ့ ကြပါတယ်။

-m2t
Ref: Allkpop

You cannot copy content of this page